"ဘုရင်?"

သူ့ကုတင်ဘေးတွင် ခုံတစ်လုံးဆွဲယူထိုင်ကာ ကူတင်ပေါ်သို့ ဖိနပ်ပင်မချွတ်ပဲ ခြေလှမ်းတင်သည့် Dae အား သူ ကြည့်လိုက်တော့ သူ့အား စိတ်ဝင်စားစရာကောင်းသည့် အရုပ်တစ်ခုလို ကြည့်နေသည့်Dae...

"ဘုရင်က ဘာလုပ်မှာလဲ... အာရှတစ်ခုလုံးကို ခြေလှမ်းနေမှတော့... ငါက အင်ပါယာထောင်တော့မှာပေါ့..."

"မင်း!"

Singto စကားကြောင့် Dae ခပ်တိုးတိုးသာ ရယ်လိုက်ခဲ့သည်။ ထို့နောက် သူ့ ဘောင်းဘီအိတ်ကပ်ထဲမှ ဖုန်းကို ထုတ်ရင်း...

"မင်းမယုံမှန်းသိလို့... ငါ သူပြောတဲ့စကားကို အသံသွင်းလာခဲ့တယ်..."

Dae သူ အဆင်သင့် အသံဖမ်းထားသည့် File တစ်ခုအား ဖွင့်ပြလိုက်ခဲ့သည်။

"Singto... မင်း နန်းတွင်းကို ပြန်ဝင်ရတဲ့ ရည်ရွယ်ချက်က Aroon ကို အနီးကပ်စောင့်ကြည့်ဖို့ပဲ Aroon က ဘာတွေထပ်ပြီး ခြေလှမ်းမလဲ ဘယ်သူတွေနဲ့ပူးပေါင်းမလဲ မသိသေးတဲ့အတွက် မင်းစောင့်ကြည့်ဖို့လိုတယ် နောက်ပြီး Achara နဲ့ Aroon နဲ့ရဲ့ အနေအထား... သူတို့ရဲ့ အားပြိုင်မှုကို မင်းအနေနဲ့စောင့်ကြည့်ပေးထားပါ..."

ဖုန်းထဲမှ ထွက်လာသည့် Krist ၏ အသံ။ သူ မျက်မှောင်ကြုတ်လိုက်ခဲ့သည်။ Krist သည် Dae အား အကြွင်းမဲ့ယုံကြည်နေခြင်းကြောင့် ထိုသို့ သော ကိစ္စအား တစ်ဆင့်ခံပြောင်းခိုင်းသည်လား။

"Uhh... မင်း အဆင်ပြေဖို့ ငါမျှော်လင့်ပါတယ်..."

အတော်လေးခြားပြီးမှ ထွက်လာသည့် အသံ။ Singto သူ့အား ဘယ်လိုလဲဆိုသည့် ပုံစံမျိုးဖြင့် ကြည့်နေသည့် Dae အား ခေါင်းသာညိတ်ပြလိုက်ခဲ့သည်။

"အင်း ငါ သူခိုင်းတဲ့အတိုင်းလုပ်လိုက်မယ်..."

"အင်း အဲ့ဒါဆို ငါ့တာဝန်ပြီးပြီဆိုတော့ ငါ ပြန်တော့မယ်... အ! Singto..."

သူ့ထံပစ်တင်ပေးလိုက်သည့် စာအိတ်ဖြူတစ်အိတ်... သူ ထိုစာအိတ်ဖြူကိုဖွင့်ကြည့်လိုက်တော့လူအချို့ အား ဖမ်းဆီးချုပ်နှောင်ထားသည့် ဓာတ်ပုံများ...

"နောက်တစ်ခါ ငါ့အကြောင်းစုံစမ်းမယ်ဆိုရင် ပိုပိပိရိရိလုပ်သင့်တယ်... နောက်ပြီး ငါတို့ ကိုယ့် စည်းလေးနဲ့ကိုယ် နေသင့်တယ်မဟုတ်လား... ငါတောင် စည်းစောင့်ခဲ့သေးတာပဲ ဥပမာ မင်း Shao Lin ရဲ့ သေနတ်ရှေ့ ဝင်ခံလိုက်တာက Krist ရဲ့ ယုံကြည်မှုကို ရအောင်ရော... နန်းတွင်းပြန်ဝင်ဖို့ Coma ဇာတ်ခင်းဖို့အတွက်ရော ဆိုတာကို ငါ သိပေမဲ့ ဘယ်သူ့ကိုမှ မပြောသလိုပေါ့... နောက်တစ်ခါ စည်းစောင့်ဖို့ငါမျှော်လင့်ပါတယ်..."

Odium(fanfic)Where stories live. Discover now