“မင်း ခြေသလုံးတွေကို ငါရိုက်ချိုးထားတာပဲ… နောက်ပြီး… ခွေးတစ်ကောင်က သူ့သခင်ကိုပဲ ကြည့်နေရတာမဟုတ်လား… မင်းအတွေးတွေက ဘာလို့ တခြားကိုရောက်နေတာလဲ…”

သူ ယခင်အတိတ်ဘဝတွင်လည်း Krist သည် ထိုသို့အမြဲသူ့ကို ပြောဖူးသည်ကို သူ အမှတ်ရလိုက်မိသည်။ Krist သည် သူတို့အတူရှိချိန်တွင် သူ မည်သည့်အရာကိုမှ တွေးနေခြင်းကို သဘောမကျ။ ထို့အတွက် သူ အမြဲ ချိုမြသောပြစ်ဒဏ်တို့ကို ခံခဲ့ရဖူးသည်။ ယခုလည်း ထိုသို့တွေးမိလာသဖြင့် သူ့မျက်နှာထက်တွင် အပြုံးတစ်ခု။

“မင်း အဲ့ဒါ မကြိုက်တာကို ငါ မေ့သွားတယ်… မင်းက ငါ့ကို မင်းတစ်ယောက်ကိုပဲ အမြဲကြည့်စေချင်နေတာမဟုတ်လား…”

Krist မျက်မှောင်ကြုတ်သွားမိသည်။ သူ Singto နှင့်ပတ်သက်လာလျှင် သူ့စိတ်အမြဲမသက်မသာ ဖြစ်မိသည်။ Singto သည် သူ့ခန္ဓာနှင့်ပတ်သက်လျှင်ကောင်းကောင်းသိလွန်းသည်။ သူ မည်သည့်နေရာတွင် မည်သို့သော ဒဏ်ရာအမာရွတ်ရှိနေသည်ဆိုသည်က အစ…။ ထို့အပြင်… Singto… ထိုသူသည် သူ့ကို သိနေလွန်းသည်ဟု သူထင်သည်။ သူ၏ မျက်နှာဖုံးဖက်ခြမ်း လူတစ်ဦးကို မြင်စေသည့်အခြမ်းကို Singto သည် သိနေလွန်းသည်။ သူ ထိုအကြောင်းအရာကို သိချင်သဖြင့် Singto အား သူ့အနီးကပ်ခွင့်ပေးခဲ့ခြင်း။ ထို Psycho ကောင်သည် ထိုမျှထိ သူ့အား ချစ်နေမည်ဟု သူ မတွေးမိ။

“မင်း…”

သူ Singto မျက်နှာအား လက်ပြန်ဖြတ်ရိုက်လာတော့ နှုတ်ခမ်းထောင့်မှ သွေးစစ… သူ ပြုံးလိုက်မိသည်။

“ခွေးတွေက သခင်တွေကို ပြန်မပြောရဘူး Sing… မင်းကို ငါ အများကြီး သင်ပေးရဦးမှာပဲ… အရင်ဆုံး… မင်းကို လေးဘက်ထောက်နိုင်အောင်တော့ ငါ ကူညီပေးရမှာပေါ့… မင်းရဲ့ ခြေသလုံးတွေက ငါကိုယ်တိုင်ရိုက်ချိုးခဲ့တာပဲ…”

သူ့လက်မောင်းမှ ဆွဲမကာ သူ့အား ကုတင်မှကြမ်းပြင်သို့ ပစ်ချခဲ့သော Krist… ခွေလဲကျနေသည့် သူ့ကို ကုတင်ပေါ်တွင် ခြေတစ်ဖက်ချိတ်ထိုင်ကာ အေးစက်စက်အပြုံးတစ်ခုဖြင့် ကြည့်နေခဲ့သည်ကို သူ တွေ့လိုက်ရသည်။ Krist… ထို Krist သည် သွေးအေးလွန်းသည်။

Odium(fanfic)Where stories live. Discover now