လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၂၆

2K 122 10
                                    

လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၂၆

ခါတိုင်းထက်ပိုပြီး စောစောနိုးနေတာက ပျော်ရွှင်မှုကြောင့်ဖြစ်သည်။

မနက်စာကို သားလေးနဲ့ အချစ်ပန်းအတွက်သေချာလေးပြင်ဆင်ထားလိုက်လေ၏။

ပျော်ရွှင်နေတော့ စိတ်လိုလက်ရဖြစ်ကာ ပန်းအိုးထိုးချင်လာတာမို့ youtubeကနေ ပန်းအိုးအလှထိုးနည်းတွေ ကြည့်ရင်းလိုက်ထိုးကြည့်လိုက်သည်။ ဧည့်ခန်းကစားပွဲအတွက် ရေမွှေးနှင်းဆီအဝါနဲ့အဖြူကို ရောစပ်ပြီး ပန်းအိုးတစ်လုံးထိုးပြီးနောက် ထမင်းစားစားပွဲအတွက်ပါ ပြင်ဆင်ချင်တာမို့ အွန်လိုင်းကနေ ပန်းတွေထပ်မှာလိုက်ဖို့ ရွေးနေ၏။

" မောနီး ပါး "

" မောနီး မိုင်ဆမ်း (my son) "

ဖုန်းကိုကြည့်နေရင်း သူဆိုလိုက်တာမို့ စူစူလေးလည်း သူ့ပါပါးအနားသွားလိုက်တော့ ပန်းတွေရွေးနေသည့် သူ့ကို အံအံဩဩကြည့်ရင်း

" မားအတွက် မှာမလို့လား"

" အွန်း ဟုတ်သားပဲ မားကို ဂုဏ်ပြုဖို့ပန်းစည်းဝယ်ရမယ် ကြည့်စမ်း မေ့နေလိုက်တာ ဂုဏ်ပြုပွဲလေးလည်းလုပ်ရဦးမှာပဲ"

" မားကို ဘာလို့ဂုဏ်ပြုမှာလဲ ပါး"

သားလေး မေးလိုက်မှ ကြည့်နေတဲ့ဖုန်းကိုစားပွဲပေါ်အသာချလိုက်ပြီး သူ့ဘေးမတ်တပ်ရပ်နေသည့် သားလေးကိုလက်ကိုဆွဲလိုက်ပြီး သူ့ဘေးအနားထိုင်စေလိုက်ပြီး

" စူစူလေးက သားကြီးဖြစ်တော့မှာ"

စူစူလေးက ဉာဏ်ကောင်းတာမို့ တန်းသိလိုက်ကာ

" မားဗိုက်ထဲမှာ ကလေးလေးရှိနေတာပေါ့"

" ဟုတ်တယ် ၂ယောက်တောင်"

" ဗျာ တကယ်လား ပါ'"

သူအကြီးကြီး ပြုံးလိုက်ကာ

" တကယ်ပေါ့ကွာ"

" အဲ့တာဆို မားကို သားလည်းဂုဏ်ပြုဖို့ လုပ်လိုက်ဦးမယ်ပါး"

သားလေးက သူ့ကို ပြောပြီးပြီးချင်း အိပ်ခန်းထဲ တန်းဝင်ပြေးတော့လေသည်။

လေပြေညှင်းလေးတိုးဝှေ့ခဲ့သော အချစ်ပန်းWhere stories live. Discover now