လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၁၇

3.2K 180 13
                                    


လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၁၇

ညနေစောင်းတော့ စူစူလေးလက်ကိုကိုင်ဆွဲကာ မိုးသွန်း အိမ်ထဲဝင်လာတော့ မီးဖိုမှာ ချက်ပြုတ်နေတဲ့ အချစ်ပန်းကို အံဩသလိုကြည့်ရင်း

" ဆိုင်လည်းမလာ ဖုန်းဆက်လည်းမကိုင်လို့စိတ်ပူနေတာ၊ ဆိုင်ကိုတောင် စောစောသိမ်းပြီး ပြန်လာခဲ့ရတာ။ လက်စသတ်တော့ ညစာလုပ်နေတာပဲ၊ စူစူ ဒီနေ့မိုးတွေဘာတွေရွာမလားမသိဘူး"

ပြုံးစစနဲ့ မိုးသွန်း စချင်ယောင်ဆောင်နေပေမယ့် တခုခုဖြစ်နေမှန်းသိပါသည်။

" မား ဘာတွေချက်နေလဲ။ မွှေးနေတာပဲ"

စူစူလေးက မိုးသွန်းလက်ကိုလွှတ်လိုက်ကာ သူ့မေမေဆီပြေးသွားရင်း ဘာတွေချက်နေလဲ စပ်စုနေသည်။

" ယူနန်ဟော့ပေါ့လုပ်နေတာ မားတို့ဒီနေ့ကောင်းကောင်းလေး စားကြရအောင်လို့"

"ရေး........ယူနန်ဟော့ပေါ့ကွ"

စူစူလေးက ပျော်သွားကာ အချစ်ပန်းဘေးမှာ ခုန်ပေါက်နေလေ၏။

" စူစူ အဝတ်လဲ ကိုယ်လက်ဆေးပြီးရင် အသီးစားလိုက်ဦး၊ သွားသွား"

မိုးသွန်းပြောလိုက်တော့ စူစူလေးက လွယ်အိတ်ကို ကိုင်ဆွဲပြီး သူ့အခန်းထဲပြေးဝင်သွားသည်။

" ညီမလေး မျက်နှာလည်း သိပ့်မလန်းဘူး။ ဘာဖြစ်တာလဲ"

ရေခဲကပ်လိုက်တာကြောင့် ပါးယောင်နေတာက သိပ့်မသိတာတော့တာ တော်သေးသည်။

မဟုတ်ရင် စူစူရော မမရော စိတ်မကောင်းဖြစ်ကြမည်။

" ဟိုလူအမေက လာတွေ့ပြီး သူ့သားနဲ့မပတ်သတ်ဖို့ပြောသွားတာ"

" ဟင် ညီမလေးတို့မှ မပတ်သတ်ပဲနေကြတာကို အဲ့ဘွားတော်က ဘာဖြစ်နေတာလဲ"

" ဒါကြောင့် မဟုတ်ပဲ ပြောခံရလို့ စိတ်ညစ်နေတာ"

" ဘာတွေပြောသွားသေးလဲ"

" ဘာမှ အထွေထူးမဟုတ်ပါဘူး အဲ့တာလေးပါပဲ ၊ အချစ်ပန်းလည်း ရှင်းပြလိုက်ပါတယ်။ စိတ်မပူနဲ့မမ"

"တကယ် အဆင်ပြေတာနော်၊ မိသားစုဆိုလို့ မမနဲ့စူစူလေးပဲရှိတာ မမကိုမပြောပြရင် ဘယ်သူ့ကိုပြောပြမှာလည်း တခုခုဆို တယောက်ထဲကြိတ်မခံစားနဲ့နော်။ ပြဿနာရှိရင်လည်း တစ်ယောက်ထဲ ကြိတ်မဖြေရှင်းနဲ့"

လေပြေညှင်းလေးတိုးဝှေ့ခဲ့သော အချစ်ပန်းWhere stories live. Discover now