လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း -၂၃

2.1K 146 12
                                    

လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၂၃

တက္ကသိုလ်ကျောင်းပေါက်ဝအရောက်မှာ ကားလေးကိုရပ်ထားပြီး အချစ်ပန်းကိုစောင့်နေလိုက်သည်။

ကားနောက်ကြည့်မှန်ထဲကနေ အချစ်ပန်းကိုမြင်တော့ ကားပေါ်ကဆင်းပြီး လက်လှမ်းပြလိုက်သည်။

ကားအနားရောက်လာတဲ့ အချစ်ပန်းအတွက် ကားတံခါးကိုပါဖွင့်ပေးလိုက်ပြီး အဆင်သင့်ဖြစ်သည်နှင့်

ကားလေးကတလှိမ့်လှိမ့်ထွက်လာခဲ့တော့၏။

" ကျောင်းတက်ရတာ ဘယ်လိုလဲ"

" အွန်း အရမ်းပျော်တယ် ခုမှ ပထမနေ့မို့လားမသိဘူး စာမသင်သေးဘူး"

" မား သူငယ်ချင်းတွေရပြီလားဗျ"

" ရတာပေါ့ စူစူလေး ပါပါးကြောင့် မားဆီ ကောင်မလေးချောချောငယ်ငယ်လေးတွေ လာမိတ်ဖွဲ့ကြတာ"

" ဘာလို့လဲဗျ" စူစူလေးက မသိလို့မေးလိုက်တော့ ကားမောင်းနေတဲ့ ဟိုလူက ခပ်သဲ့သဲ့ပြုံးနေလေသည်။

အချစ်ပန်း ထိုလူကို မျက်လုံးလေးထောင့်ကပ်ပြီးကြည့်လိုက်ရင်း

" စူစူ့ ပါပါးကိုစိတ်ဝင်စားကြလို့ပေါ့"

" ဟင် ပါပါးမှာ မာမားရှိတယ်လို့ပြောလိုက်နော် မာမား"

" မပြောချင်ပါဘူး"

သူမထိုသို့ဆိုလိုက်တော့ ကားမောင်းနေတဲ့ အနန္တ သူမဘက်ကိုစောင်းငဲ့ကြည့်ရင်း

" ဘာလို့မပြောချင်ရတာလဲ"

" အွန်း............ပထမနှစ်ရော ဒုတိယနှစ်က ကောင်လေးငယ်ငယ်လေးတွေကလည်း လာမိတ်ဆက်ကြတယ်လေ"

" ကျွီ"

ကားကိုလမ်းဘေးချရပ်လိုက်ပြီး သူမကိုသေချာကြည့်ပြီး မကျေနပ်တဲ့ပုံပေါက်နေတဲ့ ထိုလူကိုကြည့်ရင်း အချစ်ပန်းရယ်ချင်ပတ်ကျိဖြစ်နေလေ၏။ သူမကိုလာမိတ်ဆက်သည့်ကောင်လေးတွေရှိပေမယ့် သူတို့အထက်တန်းကျောင်းသားတုန်းက သဘောကျခဲ့သည့် မော်ဒယ်လ် လာဗင်ဒါနှင့်တူသည်ဟုဆိုသောကြောင့် သူမလည်းအမှန်တိုင်းပဲ အဲ့ဒီတုန်းကမော်ဒယ်လ်လာဗင်ဒါပါဟုပြောခဲ့လိုက်သည်။ ဒီလောက်ဆို သူမမှာ ကလေးရှိမှန်းသိပြီမဟုတ်လား။ ကိုယ်ဝန်သတင်းကို ဒါရိုက်တာနှင့်တောင် တိုင်းသိပြည်သိ သတင်းထွက်ခဲ့သည်မလား။ ဟိုလူ့အကြောင်းကိုတော့ နာမည်ပင် သူမ မပြောခဲ့ပါပေ။

လေပြေညှင်းလေးတိုးဝှေ့ခဲ့သော အချစ်ပန်းWhere stories live. Discover now