လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၁၈

2.9K 181 26
                                    


လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၁၈

နာရီလက်တံက မနက်ခင်း ၃ နာရီပြနေသည့်တိုင် အချစ်ပန်းအိပ်နိုင်သေးပါ။ အတွေးတို့ဖြင့် ကုတင်ပေါ်မှာပဲ လူးလူးလွန့်လွန့်။ ဟိုလူနဲ့ပြဿနာတွေ အကုန်ရှင်းလင်းချင်လို့ လက်ခံပြောဆိုပါတယ် အဲ့လူကဘာကို

အရူးထပြီး သူမတို့ သားအမိနဲ့အတူနေချင်တယ်ပြောတာလဲ။ ပြီးတော့ သူမကိုလည်း ချစ်ပါသည်တဲ့။

ထိုလူနဲ့နေခဲ့သည့် ၁ နှစ်အတွင်းမှာ သူမတို့တစ်ယောက်အကြောင်းသိဖို့မကြိုးစားကြသလို သံယောဇဉ်တွေချည်နှောင်ဖို့ အချိန်တွေလဲမရှိခဲ့ ရည်ရွယ်ချက်လဲမရှိခဲ့ပဲလေ။ အချစ်ပန်းအနေနဲ့တော့

ထိုလူကိုတိတ်တခိုးသဘောကျခဲ့သည်။ ဒါကလည်း မိန်းကလေးငယ်တိုင်း စီးပွားရေးလောကမှာ အောင်မြင်ကျော်ကြား ချောမောခန့်ညားပြီး အားကိုးချင်စရာထိုယောကျာ်းကို ပိုင်ဆိုင်ချင်ကြသည်မလား။ ပြန်သဘောကျမည်မှန်းမသိနိုင်တာမို့ စိတ်ကူးယဉ်ပြီးတောင် ထိုလူနဲ့အတူနေခဲ့စဉ်က မတွေးခဲ့ဖူးပါ။ မမျှော်လင့်ဘဲ စူစူလေးရလာတော့လည်း ကလေးလေးကိုကာကွယ်ချင်စိတ်များနေတာမို့ ဘေးမှာရှိလာဖို့လဲ အတွေးထဲမရှိခဲ့ပါ။ ထိုလူ မင်္ဂလာဆောင်တဲ့သတင်းကိုကြားမှသာ သူမရဲ့ပုန်းလျှိုးနေတဲ့ ထိုလူကိုပိုင်ဆိုင်ချင်သည့်စိတ်ကလေးပေါ်လာပြီး တခြားအမျိုးသမီးတစ်ယောက်ရဲ့ သက်ဆိုင်သူဖြစ်သွားပြီ ဆိုတာသိတော့ အရမ်းဝမ်းနည်းပြီးငိုခဲ့ရသည်။ ဘယ်အိမ်ထောင် ဘယ်မိသားစုကိုမှ သူမကြောင့်ပျက်ဆီးသွားတယ်လို့ မဖြစ်စေချင်တာကြောင့် ပထမဆုံးသဘောကျခဲ့သည့် ထိုလူကို အပြီးတိုင်စိတ်ထဲက စွန့်လွှတ်ပြီးကာမှ ရုတ်တရပ်ကြီးဘာလို့ပြန်ပေါ်လာရတာလဲ။

ဂေဟာဖွင့်ပွဲတုန်းက လာကြောင်ထဲကသိလိုက်ဖို့ကောင်းသည်။ မိန်းကလေးတွေ စပွန်ဆာပေးခဲ့ဖူးတာမို့ သက်သက်လာကြောင်တာလို့ပဲထင်လိုက်သည်။ အချစ်ပန်းရဲ့ကမ္ဘာက ကျဉ်းကျဉ်းလေးပါ။ မော်ဒယ်လုပ်ရင်း လောကကြီးအကြောင်း အမြင်ကျယ်တော့မည်ဆိုမှ စူစူလေးရောက်လာတော့ သူမကမ္ဘာက မမနဲ့စူစူလေးပဲဖြစ်ခဲ့သည်။ သူမလို ၁၉, ၂၀ အရွယ်လေးတွေ ဘဝရဲ့အလှပဆုံးအချိန်တွေမှာ တက္ကသိုလ်တတ်ရင်း သူငယ်ချင်းတွေဖြင့် လူငယ်ဘဝကို ပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေချိန်၊ သူမကတော့ ကိုယ်ဝန်ဆောင်မိခင်လောင်းဘဝဖြင့် ဗိုက်ထဲကကလေးလေးကို ဂရုစိုက်ရင်း ဖွင့်ထားသည့်ဆိုင်ကလေး စားနိုင်သောက်နိုင်အောင် အမြတ်ရရေးတွေးနေခဲ့ရသည်။

လေပြေညှင်းလေးတိုးဝှေ့ခဲ့သော အချစ်ပန်းWhere stories live. Discover now