လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၁၃

3.1K 124 18
                                    


   လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၁၃


' မာမား စူစူ ပုံဆွဲတာမလှလို့ ငိုနေတာလား"

သားလေးက သူမ မျက်ရည်ကျနေတာမြင်သွားတော့ စိုးရိမ်တကြီးမေးနေတာကြောင့်

' စူစူ လေးဆွဲထားတာ ဘယ်လိုတောင်လှလိုက်လဲ ပန်းချီဆရာတောင်လုပ်လို့ရနေပြီကို'

"ဒါဆိုဘာလို့ မာမားက မျက်ရည်ကျနေတာလဲ"

" စူစူလေးကတော်လို့ မားမှာဒီလောက်တော်တဲ့ သားလေးရှိလို့ဆိုပြီးပျော်လို့လေ"

" ပျော်ရင် ရယ်နော် မား နောက်ခါ စူစူက မားပျော်ရင် ရယ်ဖို့ပဲကြိုးစားတော့မယ်"

ဒီလိုသိတတ်တဲ့သားလေးကြောင့် သူမတကယ်ပဲပြုံးမိသွားသည်။ သားလေးရဲ့မျက်ခုံးမွှေး နက်နက်လေးတွေကို သူမလက်မလေးနဲ့ သပ်ပေးလိုက်ရင်း

" ဟုတ်ပါပြီ "

"စူစူ့ကို ကတိပေး မား နောက်ခါ မျက်ရည်မကျတော့ဘူးလို့"

"အိုကေ ဟုတ်ပါပြီ ကတိပေးပါတယ်"

' Pinky Promise မား"

စူစူလေးက သန်းလေးထောင်ပြီး ပြတော့ သူမလည်း လက်သန်းကိုထောင်ပြီး အချင်းချင်းချိတ်လိုက်ပြီး ကတိပေးလိုက်သည်။

" Pinky Promise"

.............................

ပုံဆွဲပြီး ထိုင်းစာ လေ့လာပြီးနောက်မှာတော့ စူစူလေးအိပ်ချိန်ရောက်ပြီမို့ အချစ်ပန်းပုံပြင်တစ်ပုဒ်ဖတ်ပြလိုက်တော့ သားလေးက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားလေပြီဖြစ်သည်။

ညဆယ်နာရီထိုးသည့်တိုင် မမကပြန်မလာသေး။ ဖုန်းခေါ်ကြည့်မလို့ ဖုန်းနံပါတ်ကိုနှိပ်ရင်း သတိရမိသည်က မူကြိုဆရာလေးနဲ့ စကားပြောနေမည်ကို မနှောင့်ယှက်ချင်တော့တာကြောင့် မခေါ်ဖြစ်တော့ပေ။

ဗီရိုထဲက စာရင်းစာအုပ်တွေကိုပဲ ထုတ်ပြီး ဆိုင်အတွက် စာရင်းတွေပြန်စစ်နေလိုက်သည်။

ပေါ်လာတဲ့ ကိန်းဂဏန်းတွေကိုကြည့်ပြီး သူမသက်ပြင်းမောတချက်ကိုချလိုက်လေသည်။ ဒီအတိုင်းဆို စူစူကို ကျောင်းကောင်းကောင်းမှာထားနိုင်မည်မဟုတ်ပေ။ သာမာန်အစိုးရကျောင်းကိုသား ပို့ရတော့မည်။

လေပြေညှင်းလေးတိုးဝှေ့ခဲ့သော အချစ်ပန်းWhere stories live. Discover now