လေပြေညှင်းလေးတိုးဝှေ့ခဲ့သော အချစ်ပန်း - ၁

9.5K 142 4
                                    

လေပြေညှင်းလေး တိုးဝှေ့ခဲ့သော အချစ်ပန်း - ၁

     အေးစက်လွန်းတဲ့ဆောင်းရာသီရဲ့ ညတစ်ည ဝါကျင်ကျင်နဲ့ခပ်မှိန်မှိန်မီးရောင်အောက်ကလမ်းမကြီးပေါ်မှာ ဖိနပ်မပါခြေဗလာဖြင့် မိန်းကလေးတစ်ယောက် အားသွန်ခွန်စိုက်ပြေးနေလေသည်။

အအေးဓာတ်ကြောင့်ခြေထောက်တွေထုံကျင်နေပေမယ့်လည်း ပြေးနေတာကရပ်မသွားပေ။

ဒီအအေးဓာတ်က သူမရင်ထဲက စိုးရိမ်မှုတွေ အနိုင်မယူနိုင်ပါ။

" ဒုန်း  ဒုန်း   ဒုန်း"

ပိတ်ထားသော ဆိုင်ခန်းတံခါးကို သူမရှိသမျှအားနဲ့ထုပစ်လိုက်သည်။

" ဂျုန်း" ဆိုသောအသံနှင့်အတူ တံခါးပွင့်သွားပြီး အထဲက အိမ်မှုန်စုပ်ဖွားနဲ့ခပ်ဝိုင်းဝိုင်းမျက်နှာတခုပေါ်လာလေသည်။

" ကြီးမြင့်  ဆေးရောင်းပေးပါဦး
မမ အဖျားတက်ပြီးသတိလစ်နေလို့"

" ဟဲ့  အချစ်ပန်း၊ နင်ကလေ လုပ်လိုက်ရင်
ရေးကြီးသုပ်ပြာနဲ့ချည်းပဲ"

" ဟုတ်တယ် ခုလဲ အရေးကြီးနေလို့
အဖျားကျဆေးမြန်မြန်ပေး ပေးပါ"

" အဖျားတက်ပြီး သတိလစ်နေတာဆို အဖျားပျောက်ဆေးနဲ့ဘယ်ရမလဲ။ ဆေးရုံသွားမှပေါ့"

" ဆေးရုံသွားဖို့ ကားခတောင်မရှိတာ ကြီးမြင့်ရာ ၊ ဆေးသာပေးပေးပါ"

" ဟူး"

ကြီးမြင့်ဆိုသော အသက်လေးဆယ်ကျော်အဒေါ်ကြီးကသက်ပျင်းချလိုက်ပြီး ဆေးဘူးတွေကိုစစ်ကြည့်ရင်း အဖျားကျဆေးနဲ့ အားဆေးတချို့၊ဖြည့်စွက်စာ အချို့ကို အချိုးကျခွဲပြီး အိတ်လေးတွေထဲနေရင်း ပိန်လှီဖျော့တော့နေသော မိန်းကလေးကို တချက်ကြည့်လိုက်သည်။

" သတိလစ်နေတာဆို ဆေးနဲ့မရဘူး၊ မြန်မြန် ကားငှားပြီးဆေးရုံတင်၊ နင်ကျေနပ်အောင် ဆေးတော့ထည့်ပေးလိုက်မယ်။ ကားခနဲ့ဆေးရုံစားရိတ်ငါနည်းနည်းချေးပေးလိုက်မယ်။"

ပြောပြောဆိုဆို ငွေသေတ္တာလေးထဲမှ ပိုက်ဆံအချို့ကိုယူပြီး ဆေးထုတ်တွေနဲ့အတူပေးလိုက်သည်။

လေပြေညှင်းလေးတိုးဝှေ့ခဲ့သော အချစ်ပန်းWhere stories live. Discover now