လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၉

2.5K 161 21
                                    

လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၉
မိသားစုတစ်ခုတည်ဆောက်နေပြီလို့ပြောလိုက်သည့် လာဗန်ဒါစကားကြောင့် သူမကြောင့်ရှုပ်ထွေးနေတဲ့ခံစားချက် တွေကိုလဲ ထိန်းချုပ်နိုင်သွားတော့သည်။ နောင်ရိုးလာကြိုသောကားပေါ်ထိုင်နေပေမယ့် သူစိတ်တွေကတော့ ဟိုဒီပြေးလွှားနေတုန်းပင်။
ခါတိုင်းထက်ပိုပြီးတိတ်ဆိတ်နေတဲ့အပြင် အတွေးတွေအပြင်ရောက်နေတဲ့ဒုဥက္ကဌကိုကြည့်ရင်း အခြေအနေမကောင်းဘူးဆိုတာ နောင်ရိုးရိပ်မိနေလေသည်။ သူသူဌေးက ကျန်တဲ့အရာတွေထက်မြတ်ပေမယ့် အချစ်ရေးနဲ့ ပက်သက်ရင်တော့ တုံးအတုံးပင်။ မိန်းကလေးတစ်ယောက်ကိုတော့ ဘယ်လိုကိုင်တွယ်ရမှန်းမသိ။ သူလည်း သူဌေးနဲ့အတူတူပါပဲ ၊စတင်ပြီး လူပျိုဖြစ်ပါပြီဆိုကတည်းက ဒုဥက္ကဌနားမှာပဲ PAတစ်ယောက်အနေနဲ့ အလုပ်များနေတာ သူ့နှလုံးသားအတွက်ပင်အချိန်မရပေ။
"နောင်ရိုး"
"ဗျာ ဒုဥက္ကဌ"
"လာဗန်ဒါတို့မိသားစုအကြောင်း စုံစမ်းပေးပါ။"
"ဟုတ်ကဲ့ "
ထိုစဉ်ထူးထူးဆန်းဆန်းဖုန်းဝင်လာလို့
" ဟုတ်ကဲ့ ဒုဥက္ကဌလား ရှိပါတယ်ဗျ ကျနော်ဖုန်းပေးလိုက်မယ်ခင်ဗျ"
သူ သူ့ရဲ့ဖုန်းကို အနောက်ခန်းမှာထိုင်နေတဲ့ သူဌေးကိုလှမ်းပေးဖို့ ကားကိုအရှိန်လျော့လိုက်လေသည်။
" ဒုဥက္ကဌ ဥက္ကဌကြီးရဲ့ဖုန်းပါ အရေးကြီးတယ်ပြောပါတယ်"
နောင်ရိုးလှမ်းပေးတဲ့ဖုန်းကို ယူလိုက်ရင်း သူဖုန်းက ဖုန်းမြည်သံတိုးနေတော့ သူမသိလိုက်
" ပြောပါ ဒယ်ဒီ"
" ....................................."
" ဟုတ်ကဲ့အခုချက်ချင်းလာခဲ့ပါမယ်"
ချသွားသောဖုန်းကို နောင်ရိုးကိုလှမ်းပေးလိုက်ရင်း
"................." ဆေးရုံကိုမောင်း"
" ဘယ်သူ ဘာဖြစ်လို့လဲ"
" Royal ဥက္ကကြီး ဆေးရုံရောက်နေတာတဲ့"
နောင်ရိုးလဲအတွေးထဲ ခါတိုင်း ကျန်းကျန်းမာမာရှိနေတဲ့ သူဌေးကြီးဘာဖြစ်တာလဲတွေးနေမိသည်။
ဆေးရုံရောက်တော့ VIP အခန်းထဲက လူနာကုတင်မှာလှဲနေတဲ့ ဦးမိုးမြင့်နဲ့သူ့PA ပြီးတော့ ဒယ်ဒီကိုတွေ့သည်။ ဒယ်ဒီက ဦးမိုးမြင့်ဘေးမှာ သူလည်းဒယ်ဒီဘေးကိုသွားပြီး ဦးမိုးမြင့်ရဲ့အခြေအနေကို အကဲခတ်နေလိုက်သည်။ သူရောက်လာတာကို ဦးမိုးမြင့်သိပုံရသည် မျက်တောင်လေးတွေလှုပ်နေပြီး မျက်လုံးဖွင့်လိုက်ရင်းသူ့ကို ကြည့်နေသည်။
" သား အနန္တရောက်ပြီလား"
သူငယ်ငယ်ထဲက ဒယ်ဒီနဲ့အတူတူအလုပ်ကို လိုက်သွားနေကြဖြစ်ပြီး ဦးမိုးမြင့်တဲ့သမီး မိုးမြေသစ္စာက သူ့ရဲ့ပထမဦးသော ခင်မင်ရင်နှီးခွင့်ရသည့်သူတွေဖြစ်သည်။ ဦးမိုးမြင့်ကလည်း သားမရှိတော့ သူ့ကိုချစ်သလို သူ့မာမီကလည်း မိုးမြေကိုဆို သမီးလေးတစ်ယောက်လိုချစ်သည်။
ဦးမိုးမြင့်အမေးကိုသူလည်း
" ကျနော် ရောက်ပါပြီ အန်ကယ်"
" သားကို အဟွတ် ဦးသမီးနဲ့လုပ်ငန်းတွေအပ်ခဲ့ပါရစေ"
"အန်ကယ် ပြန်ကျန်းမာလာမှာပါ စိတ်မပူပါနဲ့"
" အန်အကယ်အခြေအနေသိပါတယ် သိပ့်ကြာကြာနေရတော့မှာမဟုတ်ဘူး။ ဦးရဲ့ အိမ်မကပ်တဲ့ မလိမ်မိုးမလိမ်မာသမီးလေးကိုစောင့်ရှောက်ပေးပါလို့ အဟွတ်"
သူ့ကိုပြောအပြီး ဒယ်ဒီကိုလည်းကြည့်ကာ
"ဟေ့ ငကျော် သားနဲ့သမီးရဲ့ မင်္ဂလာပွဲကို အမြန်ဆုံးစီစဉ်ပေးပါ။ သမီးကိုလည်း ချင်းပြည်ကနေ မြန်မြန်ပြန်လာပါလို့ပြောပေးပါကွာ"
" စိတ်ချ မိုးမြင့် ၊ သမီး မိုးမြေလေးကိုလည်း ပြန်ခေါ်ဖို့လူလွှတ်ထားပြီးသား ညနေပိုင်းလောက်ရောက်လိမ့်မယ်။ မင်္ဂလာပွဲကိုလည်း သေချာလုပ်ပေးမှာပါ မင်းသာ ကျန်းမာရေးဂရုစိုက်နေ"
ဒယ်ဒီကလည်း သူ့ဘက်ကိုလှည့်ကြည့်ရင်း
" ညနေပိုင်း သမီး မိုးမြေရောက်လိမ့်မယ် သမီးနဲ့တူတူ ဒီကိုလာခဲ့ဦး"
" ဟုတ်ကဲ့ ဒယ်ဒီ"
ဒယ်ဒီနဲ့သူ အခန်းရဲ့အပြင်ဘက်အတူတူထွက်လာပြီး ဒယ်ဒီမှ
" သား မင်းလည်းသိနေပြီပဲ မိုးမြင့်က အူမကြီးကင်ဆာနောက်ဆုံးအဆင့်တဲ့။ သူမျက်လုံးမမှိတ်ခင် သားနဲ့သမီးကို မင်္ဂလာဆောင်ပေးပြီး သူ့သမီးကိုစိတ်ချချင်နေတာ၊ မိုးမြေလေးက အိမ်လည်းမကပ်၊ စီးပွားရေးလည်း ဦးမဆောင်တတ်တော့ သားလက်ထဲပဲ အရာရာအပ်ခဲ့ချင်တာမို့။ သားတို့လူငယ်တွေရဲ့ ဆန္ဒနားလည်ပေးချင်ပါတယ်။ ဒါပေမယ့် အခုဖြစ်သင့်တာကို လုပ်ပေးရမယ် နားလည်တယ်မလားသား"
ဦးကမ္ဘာကျော် သူ့သားအနန္တရော မိုးမြေရောက လက်ထပ်ပွဲကိုမလုပ်ချင်မှန်းသိနေတာမို့ နားချရသည်။ လူငယ်ဆိုတာက သူတို့ခေတ်ကလို အိမ်ထောင်ကျ အတည်တကျနေ အဲ့လိုမလုပ်ချင်ကြတော့။ သူတို့ ဝါသနာပါရာလုပ်၊ လွတ်လွတ်လပ်လပ် နေချင်ကြတော့သည်။ အိမ်ထောင်မှုတာဝန်တွေ ထမ်းဆောင်ဖို့ အချိန်ယူကြမှန်း သူနားလည်ပေးချင်ပေမယ့် ယခုအခြေအနေက အေးအေးဆေးဆေးလုပ်ရမှာမဟုတ်တော့။ Royal အတွက်ရော၊ The Universeအတွက်ပါ အရေးကြီးတဲ့ အခြေအနေဖြစ်သလို နှစ်ခုလုံးရဲ့ ဥက္ကဌရာထူးအတွက်ပါ အပြောင်းအလဲဖြစ်ပီး ဒါက စီးပွားရေးဈေးကွက်မှာပါ သက်ရောက်မှုရှိမည်ဖြစ်သည်။
အခြေအနေတွေကို နားလည်သဘောက်တဲ့ အနန္တလည်း
" ကောင်းပါပြီ ဒယ်ဒီ"
" အင်း မင်္ဂလာပွဲအတွက်တော့ မင်းတို့လူငယ်နှစ်ယောက်တိုင်ပင်ပေါ့"
သူ ခေါင်းကိုငြိမ့်ပြပြီး ကုမ္ပဏီကိုထွက်လာလိုက်တော့သည်။
"နောင်ရိုး Shine Hotel ကို ဒီလအတွင်းဘာပွဲအတွက်မှ ငှားထားတာမျိုးမလုပ်နဲ့နော်"
သူတို့လက်ထပ်ပွဲက အချိန်မရွေးဖြစ်နိုင်သည့် အနေအထားမို့ သူတို့ရဲ့ ဟော်တယ်ထဲက အကောင်းဆုံးတခုကိုရွေးထားလိုက်သည်။
...............

လေပြေညှင်းလေးတိုးဝှေ့ခဲ့သော အချစ်ပန်းWhere stories live. Discover now