လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း-၄

2.6K 93 2
                                    

လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၄
ပြင်သစ်နိုင်ငံရဲ့ မြို့တော်ပါရီကအရမ်းကိုလှပပါသည်။ ဒါက အချစ်ပန်းအတွက် ပထမဆုံးဥရောပခရီးစဉ်နဲ့ဖက်ရှင်ရှိုးဖြစ်လို့ စိတ်လှုပ်ရှားခဲ့ရပြီး သူမအတွက်ဖက်ရှင်နဲ့ပက်သက်ပြီးအများကြီးသင်ယူခွင့်ရသလို အခြားနိုင်ငံမှမော်ဒယ်လ်များနှင့်လည်း ရင်းနှီးခွင့်ရခဲ့သည်။ မနေ့ညက ရှိုးပွဲမှာ စိတ်လှုပ်ရှားလွန်းလို့ ချော်လဲမလိုတောင်ဖြစ်ခဲ့ရသည်။ အချစ်ပန်း ကိုယ့်ကိုယ်ကို အကောင်းဆုံးလုပ်နိုင်မယ်လို့ထင်ခဲ့မိတာ ပွဲရောက်မှ သူမအများကြီးကြိုးစားဖို့လိုမှန်းမြင်မိသည်။ တခြားနိုင်ငံက မော်ဒယ်တွေရဲ့ လှပမှုနဲ့ ကိုယ့်ကိုယ်ယုံကြည်မှုက တကယ့်ကို ဩချရလောက်ပါသည်။ ဒီပွဲက သူမကို မျက်လုံးအလင်းဖွင့်ပေးလိုက်သလိုက်သလိုပါပဲ။ ပြီးတော့ သူမအတွက် swimsuitနဲ့ ယုံကြည်မှုရှီရှိနေဖို့ လေ့ကျင့်ရဦးမည်။ ဝိုင်းနဲ့အော်ဒိုရာတို့ကတော့ စင်္ကာပူကပွဲမှာ။ သူမတို့ကတော့ အဆင်ပြေကြမယ်လို့ထင်ပါသည်။ အားလုံးကပွဲအတွက် အာရုံစိုက်နေကြရတော့ မတ်ဆေ့လေးပို့ပြီး အားပေးကြရုံသာတတ်နိုင်ခဲ့သည်။
   ဒီနေ့က ပါရီမှာ နောက်ဆုံးရက်ဖြစ်သလို လည်ပတ်ခွင့်ရတဲ့နေ့လဲဖြစ်သည်။ ဒါကြောင့် အချစ်ပန်းနှင့် သူမ မန်နေဂျာက အီဖယ်မျှော်စင်ကိုအရင်သွားကြသည်။ ပုံလှလှလေးရိုက်ပြီးတင်လိုက်တော့ သူမရဲ့ဖန်တွေက ထုံးစံအတိုင်း သူမလှပမှုကို ချီးမွန်းပြီး ပုံတွေထပ်တင်ပေးဖို့တောင်းဆိုထားကြသည်။ သူမကြော်ကြားလည်သည်နှင့်အမျှလက်လွှတ်ရသည်က သူမရဲ့လွတ်လပ်မှုပင်ဖြစ်သည်။ K မြို့တော်မှာ သူမသွားချင်တိုင်းမသွားရတော့။ လူတော်တော်များများကသူမကို သိကြတာဆိုတော့ မမဆီအလည်သွားရင်တောင် ခိုးကြောင်ခိုးဝှက် တခါတလေရုပ်ဖျက်ပြီးသွားရသည်။ ခု ပါရီမြို့မှာဆိုတော့ သူမ လွတ်လွတ်လပ်လပ်ပဲနေပြီး လျှောက်သွားတော့သည်။ အီဖယ်မျှော်စင်ပြီးတော့ ပါရီရဲ့ နာမည်ကျော် ချန့်အယ်လီစီးဈေးမှာ စားစရာတွေပတ်စားကြတော့သည်။ ပါရီမှာ အပေါဆုံးက ရေမွှေးကောင်းတွေနဲ့ဝိုင်တွေပါပဲ။ပြီးတော့ အရမ်းလှတဲ့ ကဖေး ဆိုင်တွေလည်းပေါပါသည်။ ဒီနိုင်ငံမှာအများအပြားထုတ်တဲ့ သားရေစာက ဒိန်ခဲတွေပါပဲ ဒိန်ခဲမျိုးပေါင်း နှစ်ရာကျော်တောင်ထုတ်တာ။ ဒိန်ခဲတွေမြည်းရင်း ဗိုက်တောင်ပြည့်ချင်သလိုလိုဖြစ်လာသည်။ မန်နေဂျာက ဝိတ်တက်မှာမို့ သူမကိုသတိပေးပေမယ့် တချို့ကငန်တန်တန် တချိုက ခပ်စိမ့်စိမ့် တချို့က ပေါ့ပေါ့အရသာနဲ့ ဒိန်ခဲလေးတွေက သူမကိုအရမ်းစွဲဆောင်နေတာမလား။  အဝတ်အစားအသစ်အဆန်းလေးတွေတွေ့တော့လည်း ငေးရင်း ကြိုက်တာတွေ့တော့ဝယ်သည်မှဦ အိတ်တွေပင်မနည်းတော့။ သူမလက်ထဲရော သူမ မန်နေဂျာလက်ထဲမှာရော ပြည့်နေပီ။ လျှောက်လာကြရင်း လက်တွေလည်းနာ၊ ခြေထောက်တွေလည်းနာနေတော့။
                    " မန်နေဂျာ ချစ်ပန်းတို့ တခုခုဝယ်သောက်ရအောင် ဟိုးရှေ့က ကဖေးမှာထိုင်ကြမယ်နော်"
                   " မထိုင်လို့လည်းမရတော့ လာဗန်ဒါ ငါလည်းညောင်းနေပီ ထိုင်ချင်ပီဟေ့"
                   "အဲ့ဒါဆိုသွားမယ် မြန်မြန်လာ"
လက်နှစ်ဖက်အပြည့်အထုတ်တွေဆွဲပြီး သူမခပ်မြန်မြန်လျှောက်လိုက်သည်။ လမ်းကြားထဲ လူတွေများတော့ ရှေ့သွားသလောက် မရောက် ခြေလှမ်းကိုထပ်ပြီး အရှိန်တင်ရင်း ရှေ့က ဖြူဖြူအရာကိုရှောင်ပေမယ့် မရတော့ တိုက်မိကုန်သည်။
                  " ဘတ်"
ရှေ့ကအကျီဖြူဝတ်ထားတဲ့လူရဲ့ နို့တခြမ်းနဲ့ သူမခေါင်းက မိတ်ဆက်သွားတော့သည်။
         " Oh ! Sorry! ......ဟင်"
ရှေ့မှ သူမကိုစိုက်ကြည့်နေသောလူကြောင့် ကြောင်သွားသည်။ ဘာလဲ ဒီလူက အလုပ်ကိစ္စနဲ့ ပါရီပါရောက်လာပြန်ပြီလား။ အင်းလေ ဒီမြို့က သူ့မြို့လိုဖြစ်နေတာကိုး သူမ ဒီကပွဲကိုလျှောက်ရတာလည်း သူ့ကြောင့်ဆိုလည်း မမှားပါဘူး။ ဒီမှာနာမည်ကြီး မော်ဒယ်လ် GiGiHadid တိူ့တောင် သူမတို့အရှေ့တစ်ရက်လာလျှောက်လို့ ကြည့်ခွင့်ရလိုက်သေးတာမဟုတ်လား ။ ဒီလူကြောင့်မဟုတ်ရင် ပါရီက fashion showဆိုတာ အနံရူဖို့တောင် နှစ်ပေါင်းတထောင်စောင့်ရမလားမသိလေ။  
ခါတိုင်း suitအပြည့်နဲ့လူက ဒီနေ့မှ Snowblueဂျင်းဘောင်းဘီရှည်ခပ်ပွပွနဲ့ ရှပ်လက်ရှည်အဖြူကို ဝတ်ဆင်ထားပြီး လက်ကိုလည်း ခေါက်တင်ထားသေးသည်။ ဆံပင်ကိုဘေးဘက်ခပ်ပါးပါးကျနေပုံက ခါတိုင်း မာန်ကြီးနဲ့မျက်နှာမျိုးမဟုတ်ပဲ ခင်မင်နှစ်လိုဖွယ်ကောင်းသည့် ပုံစံဖြစ်နေသည်။ စိန်လုံးဖြူဖြူလေးတွေပတ်ရံထားသည့် အနက်ရောင် Graff နာရီ နဲ့ သူ့ရဲ့လက်က လိုက်ဖက်လွန်းလို့ စက္ကန့်ခပ်ကြာကြာပင် ကြည့်မိလိုက်သည်။ အချစ်ပန်းအတွက် ယောကျာ်းလေးတစ်ယောက်ရဲ့စွဲဆောင်မှုက လက်နဲ့နာရီပဲ ။ အဲ့တာက လူတစ်ယောက်ရဲ့ခန့်ညားမှု အောင်မြင်မှုနဲ့ အားကိုးချင်စိတ်ဖြစ်မှုကို ပြသတယ်လို့ထင်ပါသည်။
            " ကြည့်လို့ ဝ ပြီလား"
            " ဟင် ဟို  ရှင်က ပုံစံပြောင်းနေတော့ လူမှားသွားလို့ပါ"
ရှက်ရှက်မို့ အမြန်လိမ်လိုက်ရသည်။
                 " ဟုတ်လား ဘယ်တွေလည်ပြီးသွားပြီလဲ"
အံမယ် ဒီနေ့တော့ စကားသံတွေက နူးညံနေပါလား။ ထူးထူးဆန်းဆန်း။
                 " အီဖယ်သွားပြီးပြီ ဒီမှာဈေးဝယ်ပြီးပြီး စားလည်းစားပြီးပြီဆိုတော့ ပြန်နားတော့မလားလို့"
သူက နာရီကိုတချက်ကြည့်ရင်း
  " အစောကြီးရှိသေး နှမြောဖို့ကောင်းတယ်"
ပြောပြီး အနောက်မှာရှိတဲ့ ကိုနောင်ရိုးကိုခေါ်လိုက်သည်။

လေပြေညှင်းလေးတိုးဝှေ့ခဲ့သော အချစ်ပန်းحيث تعيش القصص. اكتشف الآن