လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၂၅

2.2K 136 9
                                    

လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၂၅

ကျောင်းပိတ်ရက်ဖြစ်သည်မို့ အချစ်ပန်း မမနဲ့တွေ့ချင်သည်ရော ဆိုင်ကိုမရောက်တာကြာသည်မို့ရော ထွက်လာခဲ့လိုက်လေ၏။ ဆိုင်ရဲ့အနောက်ဘက်မှာ ဆောက်လုပ်ရေးပစ္စည်းတွေနှင့် လူတွေရောက်နေသည်မို့ ကြည့်နေတုန်း မမမိုးသွန်းရောက်လာကာ

"အချစ်ပန်းကိုပြောဖို့လုပ်နေပေမယ့် အလုပ်တွေများနေတာကြောင့် ပြောခွင့်မရလို့ပါ"

မျက်နှာ ခပ်နွမ်းနွမ်းနဲ့ပြောနေတဲ့မမကိုကြည့်လိုက်ရင်း စိုးရိပ်စိတ်တို့ပိုသွားကာ

" ဘာြဖစ်လို့လဲ မမ"

ဆိုင်အနောက်မှာအလုပ်ရှုပ်နေတဲ့လူတွေကိုတခါပြန်လှမ်းကြည့်လိုက်ရင်း မေးလိုက်တော့

" မမ သုခအိမ်နဲ့ကွာရှင်းလိုက်ပြီ"

" ဘယ်လိုမမ၊ ကွာရှင်းတယ် ဟုတ်လား"

" ဟုတ်တယ် ညီမလေးကို မတိုင်ပင်ဖြစ်လိုက်လို့ ခွင့်လွှတ်ပါ။"

" ရုတ်တရပ်ကြီး ဘယ်လိုဖြစ်တာလဲ မမ၊ အချစ်ပန်းတော့ မယုံကြည်နိုင်သေးဘူး၊ မမတို့ အဆင်ပြေနေကြတာမဟုတ်လား"

အချစ်ပန်းကိုလည်းကြည့်တာမဟုတ်ပဲ ခပ်လှမ်းလှမ်းကို မျက်တောင်မခတ် ကြည့်နေရင်းသက်ပြင်းကိုခပ်ဖွဖွချလိုက်ပြီး

" မမတို့အိမ်ထောင်ရေးက အဆင်မပြောတာကြာပြီ ညီမလေး၊ ဒီတောအတွင်း အဆင်ပြေဖို့ မမရော မောင်ရောကြိုးစားခဲ့ပေမယ့် အရာမထင်ပါဘူးကွယ်၊ နှစ်ယောက်လုံးပင်ပန်းတာပဲရှိတာမို့ ကိုယ့်လမ်းကိုယ်လျှောက်ဖို့ ဆုံးဖြတ်ချက်ချခဲ့လိုက်ရတာပါ"

ခုချိန်ထိ သုခအိမ်ကို မောင်လို့ခေါ်နေသေးတော့ မမဟာ သုခအိမ်ကိုတကယ်ချစ်ခဲ့ပါလားဆိုတာကို အချစ်ပန်းရိပ်မိလိုက်သည်။ ကွာရှင်းပြီးပြီဆိုတော့ ပြန်လည်အဆင်ပြေဖို့ သူမလည်းကြိုးစားဖို့အခွင့်အရေးမရှိတော့ဘူးလေ။ ခုချိန် မမအနားမှာ ညီမတစ်ယောက်အနေနဲ့ အကောင်းဆုံး ကူညီပံ့ပိုးပေးဖို့သာရှိတော့သည်။

"ခု မမဘယ်မှာနေနေတာလဲ"

ဆိုင်အနောက်ခြမ်းလေးမှာ အခန်းလေးဆောက်နေတာက ဘာဆိုတာ သူမ မပြောလဲသိလိုက်ပါပြီ။

လေပြေညှင်းလေးတိုးဝှေ့ခဲ့သော အချစ်ပန်းOn viuen les histories. Descobreix ara