လေပြေညှင်းလေးတိုးဝှေ့ခဲ့သော အချစ်ပန်း -၁၂

2.7K 150 17
                                    

လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၁၂
"နောင်ရိုး"
"ဗျာ ဥက္ကဌ"
"ပင်လယ်စာလတ်လတ်ဆတ်ဆတ်ရတဲ့ဆိုင်ကိုရှာ၊ မဲပေါက်လို့ဆိုပြီး လာဗင်ဒါတို့အိမ်ကိုပို့ပေးလိုက်"
" ပင်လယ်စာကအမျိုးမျိုးရှိတာ ဘယ်လိုဟာကိုပို့ပေးရမလဲ အစုံလား'
နောင်ရိုးမေးမှ သူ့သားအကြိုက်တွေ လာဗင်ဒါအကြိုက်တွေကို သိအောင်လုပ်ရတော့မည်မှန်းသတိထားမိတော့ သည်။
"လူ (၃)ယောက်စာ အစုံထည့်ပြင်ဆင်ပေးလိုက်"
သူတို့ရုံးခန်းကိုပြန်ရောက်တော့ မာမီကစောင့်နေလေ၏။ အပြုံးအကြီးကြီးပန်ဆင်ပြီး ဆိုဖာမှာ အခန့်သားထိုင်နေသော မာမီကိုကြည့်ရင်း တခုခုထူးခြားနေမှန်းရိပ်မိလေပြီ။ မဟုတ်ရင် အပန်းဖြေထွက်နေသော မာမီက ဒီလောက်မြန်မြန်ကြီး ပြန်ရောက်နေမှာမဟုတ်တာသေချာလေသည်။
"ဘယ်လို မာမီ ကြည့်ရတာ ကမ်းခြေထက်ပိုပြီး ပျော်ရမယ့်ဟာတွေ့နေပြီထင်တယ်"
" ဟုတ်တာပေါ့ သားရဲ့ surpriseကို ရလိုက်လို့လေ"
"ဗျာ မာမီနဲ့ဒယ်ဒီအတွက် အပန်းဖြေခရီစီစဉ်ပေးတာအဲ့လောက် အံအားသင့်စရာကောင်းရင်တော့ မာမီတို့အတွက်များများ ပြင်ဆင်ပေးရတော့မှာပေါ့"
" ကမ်းခြေခရီးထက်ပိုလို့ ပိုလို့ကောင်းတဲ့ဟာလေ သားပြောပြတာစောင့်ရမှာလား"
"ဘာလဲ မာမီရ"
" မာမီတို့မြေးချီရတော့မှာဆိုတာလေ"
အနန္တ ခေတ္တခဏငေးမိသွားသည်၊ မာမီတို့ လာဗင်ဒါနဲ့ရတဲ့သားလေးအကြောင်းဘယ်လိုသိသွားလဲ။
သူကိုယ်တိုင်လဲ အံဩရပါသည်။ မာမီက အလွယ်ကတူလက်ခံမည်မဟုတ်ဘူးလို့ သူထင်မိထားတာ လွဲသွားပုံရသည်။ ဒီလိုဆိုရင်တော့ သူ့ရဲ့ ပူတူးတူးလေး ၂ယောက်ကိုအနားခေါ်ထားဖိုပိုလွယ်ကူလိမ့်မယ်မဟုတ်လား။
" မာမီတို့ကဘယ်လိုကနေ ဘယ်လိုသိသွားတာလဲ။ နောင်ရိုးပြောပြလိုက်တာလား"
" နောင်ရိုးပြောမှသိစရာလား။ မာမီတို့ကိုယ်တိုင် ကိုရီးယားကိုလိုက်သွားတာလေ။ ဟာဝိုင်အီကို ခဏပဲနေပြီး သမီးလေးမိုးမြေဆီ မရောက်တာကြာလို့သွားကြတာလေ. ဟိုမှာ မိုးမြေလေးတရှောင်ရှောင်ဖြစ်နေလို့ မသင်္ကာလို့ မာမီ့နည်းလမ်းအတိုင်းစစ်ကြည့်တာ ကိုယ်ဝန်ရနေတာ သေချာတယ်။ တို့သားလေးက စွမ်းမှစွမ်းပဲ"
သူထင်တာတကယ်ကိုမှားသွားပြန်ပြီ။ မိုးမြေက ကိုယ်ဝန်ရနေပြီ ဟုတ်ရောဟုတ်လို့လား။
အကယ်လို့ ကိုယ်ဝန်ဆိုရင်တော့ သူနဲ့ဘာမှမဆိုင်တာကြီးက အရှင်းကြီးပါ။
မိုးမြေနဲ့သူ သွေးသားနှီးနှောမှုကိစ္စဘာမှမပက်သက်တာ သူတို့ကိုယ်တိုင်မသိဆုံးမလား။
ပြီးတော့ လက်ထပ်ပြီးကတည်းက မိုးမြေရှိရာသူမသွားနိုင်ခဲ့သလို သူမလည်း သူ့ဆီမလာနိုင်ပါ.
ကိုယ်ဝန်က သူမချစ်သူနဲ့ရတာဖြစ်လိမ့်မည်၊
သူ့မှာလည်း သားတစ်ယောက်နဲ့ သူချစ်နေတဲ့မိန်းကလေးလည်းရှိတော့ ကိုယ်ချင်းစာတတ်ပါသည်.
သူတို့ လူငယ်ချင်းတွေကနားလည်ပေးလို့ရနိုင်ပေမယ့် လူကြီးတွေကိုဘယ်လိုရှင်းပြရမည်လဲ။
ရိုင်းပြပြီးလုပ်ချင်သလိုလုပ် နေချင်သလိုနေတယ်၊လူကြီးတွေကို အရိုအသေမရှိဘူးလို့ ပြစ်တင်ကြိမ်းမောင်းကြမည်။ ဆိုတော့ နှစ်ဖက်မိဘတွေ နားလည်ဖို့သာကြိုးစားရတော့မည်ဖြစ်သည်။
" မာမီ့စမ်းသပ်နည်းက မှားနေတာနေမှာပေါ့'
'မှားစရာအကြောင်းကိုမရှိဘူး, သွေးခုန်နှုန်းလဲ စမ်းကြည့်ခဲ့တယ်။ မနက်ဆိုလဲ morning sicknessတွေဖြစ်နေတယ်။ ခန္ဓာကိုယ်ပြောင်းလဲနေတာတွေသတိမထားပဲနေမလား သားရဲ့"
" မသေချာသေးတာကြိုမတွေးပါနဲ့ဦးမာမီ သား မိုးမြေကိုသေချာမေးလိုက်ပါဦးမယ်"
ဒီကိစ္စကဖုံးဖိရတာမဟုတ်လို့ သူလည်းသေချာမပြောနိုင်သေး။ လောလောဆယ် မိုးမြေက လူသိရှင်ကြားသူ့ အမျိုးသမီးဖြစ်နေတာမို့ သူမသိက္ခာကိုလည်း ငဲ့ညှာပေးရဦးမည်လေ။
" မာမီကတော့သတင်းကောင်းစောင့်နေမယ်။ မြေးလေးရှိရင်တော့ ဘယ်လိုနေနေ မိုးမြေကို အနားခေါ်ထားရမယ်။ ကလေးတစ်ယောက်လွယ်ထားရတာ လွယ်တာမဟုတ်ဘူး ရပ်ဝေးမှာနေရတော့ပိုဆိုးတယ်။ ကိုသစ္စာကိုလည်းသေချာပြောပြီး မိုးမြေကိုခေါ်ထားမယ် သေချာစောင့်ရှောက်ရမယ်။ "
မာမီက သူ့အစီအစဉ်အတိုင်းပြောနေပေမယ့် အနန္တာအတွက်တော့ ဖြေရှင်;စရာကိစ္စတွေတော့များတော့မှာ အသေချာ။
" မာမီ အသေအချာကြီးမမှတ်ပါနဲ့ဦး သားကိုယ်တိုင် မိုးမြေကိုမေးကြည့်လိုက်ပါဦးမယ်၊ ပြီးရင်သေချာစစ်ခိုင်းပြီးမှ မာမီကိုပြန်ပြောပြမယ်"
" မာမီ့ကိုယ်သာ ယုံလိုက်ပါ၊ ဒါပေမယ့် သားတို့ကိုယ်တိုင်အတည်ပြုပြီးမှ ကိုသစ္စာကိုရောပြောပြပေါ့။ မာမီ မြေးလေးအတွက်တွေးပြီး အစီအစဉ်တွေအကုန်ချပြီးပြီ၊ ဒီလောက်ပြီးပြည့်စုံတဲ့ မိဘတွေကဆီရောက်လာတဲ့ ကလေးကတော့ တွေးကြည့်ရုံတင်ကို ကျေနပ်ပီတိဖြစ်နေပြီ"
" ဥက္ကဌ အစည်းအဝေး မကြာခင်စပါတော့မယ်"
နောင်ရိုးသတိပေးသံကြားမှ
" ကဲ ဒါဆို မာမီ သတင်းကောင်းမျှော်နေမယ်နော်"
အနှိုင်းမဲ့လေးအကြောင်းသိရင်ကော မာမီဘယ်လိုနေမလဲ။ ဘယ်လိုနေနေသူ့သားလေးဆိုပြီး ချစ်ပေးနိုင်မည်လား။ သေချာတပ်အပ်မပြောနိုင်ပေမယ့် လောလောဆယ် အချစ်ပန်းတို့သားအမိအကြောင်းကိုတော့ လုံးဝမပြောပြချင်တာတော့ သေချာသည်။ မဟုတ်ရင် မြေးရူးရူးနေတဲ့ မာမီက သူ့သားနဲ့ အမျိုးသမီးကို နာကျင်အောင်လုပ်မည်လဲ စိုးရိမ်နေမိသည်။
.............................................

လေပြေညှင်းလေးတိုးဝှေ့ခဲ့သော အချစ်ပန်းWhere stories live. Discover now