လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၁၆

2.3K 149 29
                                    


လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၁၆

ဆိုင်ကိုသေချာမကြည့်နိုင်ပဲ စူစူလေးတို့ကျောင်းကို တိတ်တဆိတ်စောင့်ကြည့်ရင်း ကိုယ့်ကိုယ်ကို စပိုင်တစ်ယောက်လိုပင်ထင်မိနေသည်။

ကျောင်းရဲ့ facilitiesတွေကိုကြည့်ပြီး အချစ်ပန်း ကိုယ့်မျက်လုံးတောင်ကိုယ်မရုံပေ။

တော်တော်များများက recycleပစ္စည်းတွေဆိုပေမယ့်လဲ တော်တော်လေးကို သပ်ရပ်ပြီး လှပသည်။

ကားတာယာနဲ့ကလေးတွေတွားသွားလို့ရအောင်၊ လမ်းလျှောက်လို့ရအောင်ပါ လုပ်ထားသည်။

ဥယျာဉ်အသေးစားလေးထဲမှာလဲ ပန်းပွင့်ပေါင်းစုံ သစ်ပင်ငယ်အစုံရှိသည်။

ကလေးရေကူးကန်ပါပါနေသေးတာမို့ စူစူလေးရဲ့အရင်ကျောင်းထက်ပင်ပိုပြည့်စုံနေသေးသည်။

ကလေးတော်တော်များများကလည်း သူမတို့ရပ်ကွက်အနားတဝိုက်က မိဘတွေပင်ဖြစ်ကာ ကလေးအကြိုအပို့လုပ်ရင်း စကားပြောတော့သိလိုက်ရသည်မို့ သံသယတွေရပ်ပစ်လိုက်တော့၏။

ဘယ်လိုပဲနေနေလေ ဒီလိုကျောင်းကောင်းကောင်းလေးတခု ဒီပတ်ဝန်းကျင်မှာရှိနေတာနဲ့တင် သူမကျေနပ်နေမိသည်။ စူစူလေးလည်း ဒီကျောင်းတက်ရတာတော်တော်လေးပျော်နေပုံပေါက်နေတာမို့

စိတ်ပူပန်မှုတွေလည်းလျော့သွားပြီဖြစ်သည်။

.............................

" ဥက္ကဌ ဒါကတော့ ကျောင်းဆောက်လို့အပြီး နောက်ဆုံးreportပါ"

နောင်ရိုးတင်ပြလာတဲ့ report ကိုသေချာဖတ်ပြီး လက်မှတ်ထိုးပေးလိုက်သည်။

" ကျောင်းအတွက်ဆရာတွေကိုရော သေချာခေါ်ထားလား"

" ဟုတ် သေချာစိစစ်ပြီး ကလေးသူငယ်ဥပဒေကိုသေချာသိပြီးကလေးဖွံဖြိုးမှုနဲ့ကလေးစိတ်ပညာကိုသေချာ လေ့လာထားတဲ့ဆရာ၊ဆရာမတွေကိုငှားထားပါတယ်။"

"အေး ရေရှည်အတွက်ရပ်တည်နိုင်အောင် မိတ်ဘက်တွေရဲ့ကလေးတွေပါထားနိုင်အောင် လုပ်ပေးထားမယ်"

" ဟုတ်ကဲ့ ဥက္ကဌ အဲ့ဒီအတွက်လည်း အကုန်စီစဉ်ထားပါတယ်"

" အော်ပြီးတော့ သားလေးအရင်ကျောင်းကကျောင်းဆရာ သုခအိမ်လား အဲ့တစ်ယောက်ကိုပါ ကျောင်းပြောင်းလာအောင်လုပ်ထားမယ်"

လေပြေညှင်းလေးတိုးဝှေ့ခဲ့သော အချစ်ပန်းWo Geschichten leben. Entdecke jetzt