လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၁၅

2.3K 149 15
                                    


လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၁၅

မနက်လင်းတော့ ဂေဟာအဆောက်အဦးဖွင့်ပွဲအတွက် အချစ်ပန်းနဲ့ မိုးသွန်း မိတ်ကပ်လိမ်း၊ အဝတ်လဲပြင်ဆင်လိုက်ကြသည်။အချစ်ပန်းက body fit dressကို Autumn Brownလေးဝတ်လိုက်သည်။ V shapeသဏ္ဍာန်လည်ပင်းပုံစံကြောင့် ကျော့ရှင်းတဲ့ အမျိုးသမီးငယ်လေးဖြစ်သွားသည်။ မိုးသွန်းက sky blue dress လေးနဲ့ ရင့်ကျက်တည်ငြိမ်တဲ့ အသွင်ဆောင်နေလေ၏။

အချစ်ပန်း ပြင်ဆင်ပြီးတော့ စူစူလေးကိုနှိုးဖို့ လက်ကိုကိုင်လိုက်တော့ ကိုယ်ပူနွေးနွေးလေးကိုခံစားမိလိုက်သည်။

" စူစူလေး ဖျားနေပြီထင်တယ် မမ"

" ဟင် ဟုတ်လား၊ ခရီးပန်းသွာားလို့ထင်တယ်"

" ဟုတ်လောက်မယ်၊ အသွားမှာတခါထဲဆေးခန်းပြခဲ့လိုက်မယ်မမ"

" ကောင်းတယ် ၊ ဟိုမှာ စစ်စတာကို အခန်းတခန်းတောင်းပြီး သိပ့်ထားလိုက်မယ် မမတို့တလှည့်စီ ဝင်ကြည့်ကြည့်ကြမယ်လေ"

"ဟုတ်မမ"

စူစူလေးကိုနှိုးတော့ မျက်လုံးကသိပ့်မဖွင့်ချင်။

" မား စူစူအိပ်ချင်သေးတယ်ဗျ"

" အိပ်ခဲ့လို့မရဘူးလေ မားတို့က ဟိုမှာပွဲသွားရမှာ စူစူလေးမှာ အဖျားရှိနေပြီ၊ ကိုယ်ပူနေတာခံစားမိလား"

ခေါင်းငြိမ့်ပြတဲ့ စူစူလေးကို ကျောမှအသာလေးပွေ့လိုက်လေ၏၊ လေးနှစ်သားလေးဆိုပေမယ့် နည်းနည်းလေးတောင် လေးလာပြီပဲ။

" ခု မားက wet towel နဲ့ မျက်နှာကို အသာလေးသုတ်ပေးမယ်နော်၊ မနက်စာစားပြီးရင် ဆေးခန်းပြပေးမယ်၊ ဆေးသောက်ပြီးမှ သွားတိုက်မယ်နော်"

ဘယ်လောက်ပဲသိတတ်လိမ္မာသည့်ကလေးဆိုဆို နေမကောင်းဖြစ်ချိန်ဆို ပိုပြီးဝမ်းနည်းတတ်ကြသည်။

ပြီးတော့ စူစူလေးက လေးနှစ်ပဲရှိသေးတာမို့ သူ့အတွက် တခုခုလုပ်ပေးမည်ဆို ကြိုပြောထားရသည်။

ဥပမာ ကျောင်းသွားရမည် ဆေးခန်းသွားရမည် လူစိမ်းတွေနဲ့တွေ့ရမည်ဆိုရင်ပေါ့။ ကြောက်တတ်သည့် ကလေးမဟုတ်တောင် ရုတ်တရပ်ရှော့မရသွားစေချင်၍ဖြစ်သည်။

လေပြေညှင်းလေးတိုးဝှေ့ခဲ့သော အချစ်ပန်းWaar verhalen tot leven komen. Ontdek het nu