လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၁၁

3.2K 173 21
                                    


ဒေါက်တာ Louisကို သူနေမည့်ဟော်တယ်မှာပို့ပေးခဲ့ပြီးသည့်နောက် နောင်ရိုး အနန္တရဲ့အိမ်ကိုတိုက်ရိုက်မောင်းလာလိုက်သည်။

"နောင်ရိုး"

"ဗျာ ဥက္ကဌ"

" လာဗန်ဒါတို့အကြောင်းစုံစမ်းခိုင်းထားတာဘယ်လိုလဲ"

"ဗျာ"

"ငါ ပြင်သစ်ကိုထွက်မသွားခင်လေ"

" ဟုတ် ဂေဟာမှာအတူတူနေခဲ့တဲ့ မိုးသွန်းပန်းဆိုတဲ့မိန်းကလေးနဲ့ပဲအတူတူနေနေပါတယ်"

"ပြီးတော့ရော"

သူစိတ်မရှည်နိုင်စွာမေးလိုက်တော့သည်။

" သားလေးတစ်ယောက်မွေးထားတယ် နာမည်ကတော့ အနှိုင်းမဲ့တဲ့"

နောင်ရိုးနောက်ကြည့်မှန်ကတဆင့် အနန္တကိုလှမ်းကြည့်လိုက်တော့ သူ့ဆရာကအတွေးထဲနစ်မြောနေပုံရသည်။

"အိမ်ထောင်ပြုထားတာမျိုးတော့မရှိပါဘူး။ Single Motherအဖြစ်နဲ့ပဲ သူမရဲ့ကလေးကို 

ပြုစုပျိုးထောင်နေပါတယ်။ ဥက္ကဌက အဲ့ဒီတုန်းက စုံစမ်းခိုင်းပြီး ဘာမှမမေးတော့လို့ ဒီလောက်နဲ့ပဲစုံစမ်းတာရပ်လိုက်ပါတယ်။"

နောင်ရိုးသတိထားမိတာကတော့ အမြဲအချစ်ကိစ္စ၊ မိန်းကလေးကိစ္စကို နောက်ကြောင်းစုံစမ်းခိုင်းလေ့မရှိ

သည့်သူက ခုတော့ လွန်ခဲ့တဲ့နှစ်တွေကစုံစမ်းခိုင်းတာကိုပြန်မေးနေသည်။ သူစပွန်ဆာပေးခဲ့သည့်

မိန်းကလေးတွေကို သေချာကလေးမရအောင်လဲ စစ်ဆေးပြီးသေချာဆေးသောက်ခိုင်းသည့်သူ။ 

ခု လာဗန်ဒါရဲ့ကလေးကို ဥက္ကဌကသူ့ကလေးလို့ထင်နေပုံရသည်များလား။ သူ အကဲဖြတ်တာမျိုးမလုပ်ချင်ပေမယ့် အတွေးတော့ဝင်သွားသည်။

" ဆက်ပြီး စုံစမ်းထားရမလား ဥက္ကဌ"

" ဒီကြားထဲဘယ်ယောကျာ်းနဲ့ တွဲနေလည်းစုံစမ်းပေး"

"ဟုတ်ကဲ့"

ကားပေါ်မှာတစ်လမ်းလုံးစဉ်းစားလာသည်က ပုံရိပ်လေးနှစ်ခုအကြောင်း။

လေပြေညှင်းလေးတိုးဝှေ့ခဲ့သော အချစ်ပန်းWhere stories live. Discover now