လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၁၉

2.2K 169 11
                                    

လေပြညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၁၉

" မား ပါပါး သနားစရာနော် "

ဒီလောက်ဆူညံနေတာတောင် မနိုးသေးတော့ အချစ်ပန်းလဲ အအေးပတ်ပြီး သေနေပြီထင်သွားသည်မမို့ အထိတ်တလန့်ပဲ ကွေးကွေးလေးတံခါးကိုကျောပေးပြီး တစောင်းအိပ်နေတဲ့ ထိုလူရဲ့ ပုခုံးဆွဲပြီးလှည့် လိုက်သည်။ မျက်လုံးတွေကိုဖြည်းဖြည်းချင်းဖွင့်ကြည့်နေတဲ့ထိုလူကို အချစ်ပန်းလဲ ခပ်စိမ်းစိမ်းပြန်ကြည့် လိုက်သည်။ မနေ့ညက အပြင်ဘက်မှာအိပ်မယ်လို့မထင်ထားတဲ့တာမို့ ရွဲ့ပြောလိုက်တာကို တကယ်ကို အိပ်နေတာမို့ စိတ်တိုမိသည်။ ခါတိုင်းစပ်စပ်စုစုလုပ်လေ့မရှိတဲ့ အခန်းချင်းကပ်ရပ်တွေကပါ ရောင်လည်လည်ကြည့်နေကြသည်။ အိမ်မှာတခါမှ အရွယ်ရောက်ပြီးသားယောကျာ်းလာတာမရှိခဲ့တာမို့ အချစ်ပန်းလဲ နည်းနည်းတော့မျက်နှာပူသွားသည်။ ဘေးချင်းကပ်ရပ်အခန်းက အဒေါ်ကြီးတယောက်က သူတို့အခန်းရှေ့မှာရပ်ရင်း

" ကလေးမတို့အိမ် သူခိုးကပ်တာလား? ဟဲ့ အောင်မြတ်အောင်မြတ် လာခဲ့ပါဦး။ ဒီမှာ သူခိုးကပ်မိထားလို့"

အဒေါ်ကြီးက အော်လည်းအော်ရင်း သူ့အိမ်မှယောကျာ်းသားတယောက်ကို အကူအညီလှမ်းတောင်းနေသည်မို့ အချစ်ပန်း ဘယ်လိုပြန်ဖြေရမှန်းမသိတော့။ သူခိုးကပ်တာအမှန်ဆိုရင်တော့ ကူညီတာအတွက်ကျေးဇူးတင်မိမှာပေမယ့် ခုက သူခိုးမဟုတ်တော့ ဘယ်လိုပြောရမလည်းစဉ်းစားနေတုန်း

" သူခိုးမဟုတ်ပါဘူးဗျ စူစူရဲ့ပါပါးပါ အန်တီ"

သားလေးက ထိုသို့ဆိုတော့ အဒေါ်ကြီးလည်း အားနာဟန်ဖြစ်သွားကာ

" အော် တောင်းပန်ပါတယ်ဟယ် အပေါက်ဝ စုစုစုစု ဖြစ်နေတော့ သူခိုးထင်သွားတာ "

" ဆောရီးပါအဒေါ်ရယ်"

အချစ်ပန်းလည်း မတတ်သာတော့ပဲ တောင်းပန်သည်ဟု ခပ်ရှက်ရှက်ဖြင့်ပြောလိုက်သည်။

ထိုအဒေါ်ကြီး အိမ်ထဲပြန်ဝင်သွားမှ

" ဒီမှာ ဦးအနန္တ အိမ်ရှိတာပဲ ကိုယ့်အိမ်ကိုပြန်ပါ၊ "

" ကိုယ်ပြောပြီးပြီပဲ ကိုယ့်မှာအိမ်မရှိဘူး၊ စားစရာပိုက်ဆံလည်းမရှိဘူး နေစရာနေရာလည်းမရှိဘူး၊ ခေါ်စရာမိတ်ဆွေလည်းမရှိတော့ဘူး"

လေပြေညှင်းလေးတိုးဝှေ့ခဲ့သော အချစ်ပန်းWhere stories live. Discover now