လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၂၂

1.9K 135 8
                                    

" မောနင်း မာမား"

" မောနင်း စူစူလေး အူးမွ"

" အချစ် ကြိုက်တဲ့ မုန့်ဟင်းခါးချက်ထားတယ်"

အေပရွယ်ကြီးဝတ်ပြီး ဟင်းမွှေသည့်ဇွန်းအကြီးကြီးကိုကိုင်ရင်း ပြောလာသည့် ထိုလူကို အချစ်ပန်း ကျေးဇူးတင်သည့် မျက်လုံးတွေဖြင့်ကြည့်လိုက်ရင်း

" ကျေးဇူးပဲ အများကြီးစားမယ်နော်"

" မား စူစူလည်း နှစ်ကန်ပန်ကုန်ပြီ ပါးချက်တာစားလို့ကောင်းတယ် မား"

အနန္တလည်း မုန့်ဟင်းခါးပန်ကိုအချစ်ပန်းရှေ့ချပေးလိုက်ရင်း

" အချစ်ကြိုက်သလောက်စားလို့ရတယ်၊ ဒီနံရံမှာ ဝှိုက်ဘုတ်တပ်ပေးထားတယ် သားသားနဲ့ အချစ်စားချင်တာရှိရင် ရေးထားလိုက် ကိုယ်ချက်ပေးမယ်"

မုန့်ဟင်းခါးပန်ကန်ချပေးပြီးဘေးမှာ ထိုင်နေသည့် ထိုလူ့ပါးလေးကို လက်ဖြင့်အသာညှစ်လိုက်ရင်း

" ချစ်ပြီးရင်းချစ်နေအောင်လုပ်နေပြီ"

အနန္တ တစ်ယောက် ပိတီတွေတဟုန်ဟုန်ထပြီး အပျော်လွန်ကာ ပါးစပ်ကနားရွက်တပ်ချိတ်လုနီးပါး အပြုံးကြီးပြုံးနေရင်း

" ကိုယ့်အချစ်ကပိုပါတယ်ကွာ"

" မားနဲ့ပါး စူစူ့ကိုလည်းချစ်ဖို့ချန်ထားဦးဗျ"

မျက်နှာချင်းဆိုင်မှာ ရှိနေသည့်စူစူလေးကဆိုမှ နှစ်ယောက်သားပြိုင်တူ စူစူ့ကိုကြည့်လိုက်ရင်း

" စူစူလေးကို ချစ်လွန်းလို့ဖော်ပြဖို့စကားလုံးတောင်မရှိတော့ပါဘူးနော်"

' ကိုယ့်အချစ်က ကိုယ့်အတွက်မွေးပေးထားတဲ့ ကလေးလေးကို မချစ်ပဲနေမလားကွာ"

ဟုတ်ပါသည်။ မမအိမ်ထောင်ကျပြီးနောက် အချစ်ပန်းတို့မိသားစုလေးက ပိုပြီးရင်းနှီးလာကာ အချစ်ပန်းနှင့်အနန္တမှာလည်း စူစူလေးအတွက်ကြောင့်ရော ရှိပြိးသားတစ်ဦးပေါ်တစ်ဦးခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းဖွင့်ဟချပြခဲ့ပြီးဖြစ်သည်။

လက်ထပ်ပွဲကျင်းပဖို့ နှစ်ယောက်လုံးမဖွင့်ဟခဲ့ပဲ နားလည်မှု ချစ်ခြင်းမေတ္တာ တစ်ဦးကိုတစ်ဦးလေးစားမှုတို့ဖြင့် သူမတို့မိသားစုပျော်ရွှင်ချမ်းမြေ့နေပြီဖြစ်သည်။

လေပြေညှင်းလေးတိုးဝှေ့ခဲ့သော အချစ်ပန်းWhere stories live. Discover now