X X X X X

Silent ဖြစ်နေတဲ့ ဖုန်းက Vibration ထဖြစ်တာကြောင့် ခေသီဟန် နိုးသွားခဲ့သည်။ စိုင်းကတော့ သူ့ဘေးမှာ ကွေးကွေးလေး အိပ်ပျော်လို့နေဆဲ။ ဒါ့ကြောင့် စိုင်း နိုးသွားမှာကို မလိုလားတဲ့ ခေသီဟန်ဟာ ခုတင်ပေါ်မှ လျှောဆင်းလိုက်သည်။ လစ်ဟာနေတဲ့ ခန္ဓာကိုယ်ကို ဘေးမှာရှိနေတဲ့ တဘက်တစ်ထည်ဖြင့် ကောက်ပတ်လိုက်ရင်း ရေချိုးခန်းထဲသို့ ဝင်သွားခဲ့သည်။

" ဟဲလို .. အင်းပြော "

" ဟုတ်လား ... "

ခေသီဟန် ဖုန်းပြောနေရင်း မဲ့ပြုံးတစ်ချက်ပြုံးလိုက်ရင်း

" ဒါဆို တို့အကွက်ထဲ ရောက်လာပြီပဲ။ လိုချင်သလောက် ပုံပေးမှာမို့ ဒီသတင်းကို Caption လှလှလေးနဲ့ အမြန်ဆုံးသာ တင်ချပေးပါတော့ .. ဟက် "

ဖုန်းပြောလို့ပြီးသွားတော့ ရေချိုးခန်းထဲက မှန်မှာပေါ်နေတဲ့ သူ့ကိုယ်သူ ပြန်ကြည့်ကာ ကြောက်မက်ဖွယ် ကောင်းလွန်းတဲ့ ညစ်ထေထေအပြုံးမျိုးနဲ့ ပြုံးရယ်နေသည့် ခေသီဟန် .. ။

" သိမ်မွေ့ထည် သိမ်မွေ့ထည် .. နောက်ဆုံးတော့ ငါ့အကွက်ထဲ ဝင်လာခဲ့ပြီပေါ့ .. "

X X X X X

ညကတည်းက အိမ်ကနေ ကားမောင်းထွက်သွားတဲ့ စိုင်းကို သိမ်မွေ့ထည် ကုမ္ပဏီရောက်တော့လည်း မတွေ့ရပြန်။ ညက ဖြစ်ပျက်ခဲ့ကြတဲ့ ကိစ္စကြောင့် စိတ်မကြည်လင်သော်လည်း လုပ်ရမဲ့ အလုပ်တာဝန်တွေကိုတော့ စက်ရုပ်တစ်ရုပ်လိုမျိုး သူ,မနားမနေ လုပ်နေခဲ့မိသည်။ တစ်ဖက်မှာလည်း စိုင်း ဘယ်သွားနေတယ်ဆိုတာကို ညီညီတာကို စုံစမ်းခိုင်းထားခဲ့သည်။

" ဒေါက် ဒေါက် .. "

" Come in "

Laptop တစ်လုံးဖြင့် အလုပ်ရှုပ်နေသည့် သိမ်မွေ့ထည်သည် Come in ဟုပြောလိုက်သော်လည်း တံခါးဝဆီသို့ လှမ်းမကြည့်ဖြစ်။ ညီညီတာက ခေါ်တော့မှ မော့ကြည့်ဖြစ်သည်။

" မမ .. "

" သြော် အတာ .. စိုင်း ဘယ်မှာဆိုတာကို သိရပြီလား "

" မဟုတ်ဘူး မမ။ ကိုစိုင်းကိုက လူလွှတ်စုံစမ်းခိုင်းထားတုန်း။ အခုဟာက .. "

ညီညီတာသည် ဘာမှ ဆက်မပြောသေးပဲ သူ့လက်ထဲကိုင်ထားတဲ့ Samsaung Tablet ကို သိမ်မွေ့ထည်ရဲ့ စားပွဲပေါ်သို့ ချပေး၏။

ElegantWhere stories live. Discover now