13 (Unicode)

4.5K 500 93
                                    

မြန်မာ၌ အံစာတုံးကားဟု အခေါ်များကြသည့် Toyota Hiace Van ကားအဖြူလေးတစ်စီးသည် မနက် ၄ နာရီခွဲခန့်၌ ငွေဆောင်ကမ်းခြေရှိရာဆီသို့ စတင်ခရီးနှင်လေသည်။

ကားပေါ်၌ စံပယ်ပန်းရနံ့နှင့် လီမွန်ရနံ့တို့ ရောထွေးနေသော Air Freshener နံ့လေးက သင်းပျံ့လို့နေသည်။ ဒါ့အပြင် Sound Box မှ Carpenters ၏ Top of the word ဆိုသည့် သီချင်းသံစဉ်လေးကလည်း ငြိမ့်ငြိမ့်လေး ထွက်ပေါ်လို့နေပြန်သည်။ ထိုသီချင်းလေးဟာ ဤခရီးစဉ်လေးရဲ့ ဇာတ်လိုက်ဖြစ်သော သိမ်မွေ့ထည်၏ အကြိုက်နှစ်သက်ဆုံး သီချင်းလေးတစ်ပုဒ်ဖြစ်၏။

'Such a feeling's coming over me. There is wonder in most everything I see.´

'ခံစားချက်ကောင်းကောင်းလေးတစ်ခု ငါ့ဆီရောက်လာတယ်။ ငါမြင်ရတဲ့ အရာတိုင်းနီးပါးဟာ အံ့သြစရာတွေ ပြည့်နှက်လို့နေတယ်´

'Not a cloud in the sky, got the sun in my eyes. And I won't be surprised if it's a dream´

'ကောင်းကင်မှာ တိမ်ကင်းစင်လို့၊ ငါ့မျက်စိထဲကို နေရောင်လေးဝင်လာတယ်။ ဒါဟာ အိမ်မက်လေးတစ်ခုများလားလို့ ငါမအံ့သြမိပါ´

'Everything I want the world to be is now coming true especially for me´

'ကမ္ဘာကြီးကို ငါဖြစ်စေချင်သမျှ အရာအားလုံးဟာ အခုအမှန်တကယ်ဖြစ်လာတော့မယ်။ အထူးသဖြင့် ငါ့အတွက်ပေါ့´

'And the reason is clear, it's because you are here. You're the nearest thing to heaven that I've seen´

'ဘာ့ကြောင့်လဲဆိုတာကတော့ ရှင်းပါတယ်၊ မင်းဒီမှာရှိနေလို့လေ။ မင်းဟာ ငါမြင်ဖူးသမျှ အရာတွေထဲမှာ ကောင်းကင်ဘုံနဲ့ အနီးစပ်ဆုံး အရာပဲ´

' I'm on the top of the world looking down on creation. And the only explanation I can fine .. ´

' ကမ္ဘာကြီးရဲ့ ထိပ်ဆုံးကနေ သဘာဝတရားကြီးကို ငုံ့ကြည့်နေရသလို ခံစားနေရတယ်။ ဘာ့ကြောင့်လဲဆိုတဲ့ တစ်ခုတည်းသော အကြောင်းပြချက်ကတော့ .. ´

' It's the love that I've found ever since you've been around. You're love's put me at the top of the world´

' ငါ့အနားမှာ မင်းရှိကတည်းက တွေ့ခဲ့တဲ့ အချစ်ကြောင့်ပေါ့။ မင်းရဲ့အချစ်က ငါ့ကိုကမ္ဘာကြီးရဲ့ ထိပ်ဆုံးမှာရှိနေသလိုပါပဲ´
[Author Note: Myanmar sub lyric crd to the rightful owner]

ထွက်ပေါ်နေတဲ့ ဂီတသံ ငြိမ့်ငြိမ့်လေးကို သက်လွှာ အာရုံစိုက် နားထောင်နေမိသည့်အချိန်၌ ဘေးမှ ထွက်ပေါ်လာသည့် ရနံ့တစ်ခုကြောင့် ဘေးသို့ခေါင်းလှည့်ကြည့်မိလေသည်။

ElegantWhere stories live. Discover now