27 (Unicode)

3.8K 453 57
                                    

Special Episode
(Author Note: ဒီအပိုင်းရဲ့ အပေါ်ပိုင်းလေးကို ဖတ်တဲ့အချိန်ကျရင် အဆိုတော် Bruno Mars ရဲ့ Versace on the floor ဆိုတဲ့ သီချင်းလေး နားထောင်ရင်း ဖတ်ကြည့်ပါ 🤍 ပိုပြီး ပြည့်စုံသွားလိမ့်မယ်)

" တီလေး ဆက်မလျှောက်နဲ့တော့။ တီလေး ... "

သက်လွှာ ခေါ်နေပေမဲ့လို့ သူမက လုံးလုံးလှည့်မကြည့်။

" မဖြစ်ဘူးတော့ဘူး။ ပြည့်ဖူးရေ .. "

" ဟေ သူငယ်ချင်း .. "

သူခေါ်လိုက်တော့ အနောက်မှလိုက်လာတဲ့ ပြည့်ဖူးလည်း ပျာပျာသလဲ အနားကိုရောက်လာသည်။ ဆိုင်ထဲက လူတချို့ကလည်း သူတို့ကို ကွက်ကြည့် ကွက်ကြည့် လုပ်နေကြသေးသည်။

" ရော့ ဒီချိုင်းထောက်လေး ကိုင်ခဲ့ပေး .. "

" အေးအေး .. "

သူမရဲ့လက်ထဲမှ ချိုင်းထောက်ကို အတင်းဆွဲချလိုက်ပြီး ယိုင်နဲ့သွားတဲ့ သူမရဲ့ ခါးသွယ်သွယ်လေးကို လက်တစ်ဖက်ဖြင့် ဖမ်းထိန်းလိုက်၏။ ထို့နောက် ပြည့်ဖူးလက်ထဲသို့ ချိုင်းထောက်ကို ထည့်ပေးပြီး သူမကို ကုန်းပိုးဖို့ လုပ်ရတော့သည်။

" မ ... မလုပ်နဲ့ သက်လွှာ .. "

အတင်းငြင်းဆန်နေတဲ့ကြားက သက်လွှာ သူမကိုကုန်းပိုး၍ ခေါ်ဆောင်လာခဲ့သည်။ အစက ပြန်ဆင်းဖို့ ရုန်းနေပေမဲ့လည်း နောက်ပိုင်းတော့ ငြိမ်သက်သွားသည်။ နောက်တော့ လက်နှစ်ဖက်နဲ့ သူ့လည်ပင်းကို လာရောက်သွယ်ယှက်ထားလေသည်။

အရပ် ၅ပေ ၆လက်မခန့်ရှိတဲ့ ကောင်မလေးတစ်ယောက်က ဖြူဖြူနုနုနဲ့ ချောမောလှပလွန်းတဲ့ အမျိုးသမီးတစ်ဦးကို ကုန်းပိုးခေါ်ဆောင်လာသည့် မြင်ကွင်းဟာ အကုန်လုံးကို အဆန်းတကြယ်ဖြစ်စေပုံရသည်။ မြင်တွေ့ကြသူအပေါင်းက မျက်စိတစ်ဆုံး လိုက်ငေးကြည့်လို့နေကြသည်။

" ကြောက်တယ် ... "

ကားပါကင်နား ရောက်ခါနီးမှ နောက်ကျောဘက်ဆီကနေ သူမရဲ့အသံတိုးသဲ့သဲ့လေးကို ကြားလိုက်မိတော့ သက်လွှာ ခြေလှမ်းတို့ကို တုံ့ဆိုင်းထားမိသည်။

" ဘာကို ကြောက်တာလဲ တီလေးရယ် "

" နွေးထွေးပြီး ကျယ်ပြန့်တဲ့ ဟောဒီ့ကျောပြင်လေး ပျောက်ရှသွားမှာကို "

ElegantWhere stories live. Discover now