28 (Zawgyi)

623 14 1
                                    

" ကဲ အချိန်တွေ ကြာမှ ပြန်တွေ့ကြတဲ့ မိတ်ဆွေနှစ်ဦးဆိုတော့ စကားအေးအေးဆေးဆေး ပြောကြပါဦး။ ကိုယ်တော့ ဟိုဘက်ကို ခဏသွားဧည့်ခံလိုက်ဦးမယ်နော် "

Emma သည် ခပ်ပြုံးပြုံးနဲ့ပြောပြီး လှည့်ထွက်သွား၏။ ထိုအခါမှ ပြည့်ဖြိုးအောင်က သိမ်မွေ့ထည်ရဲ့မျက်နှာလေးကို သေချာစိုက်ကြည့်ရင်း လေသံအေးအေးလေးနဲ့ စကားစဆိုသည်။

" အစစအရာရာ အဆင်ပြေရဲ့လား ငယ် "

ပြည့်ဖြိုးအောင်ရဲ့ မေးခွန်းကို သိမ်မွေ့ထည် ပြန်မဖြေသေးပဲ လက်ထဲကိုင်ထားတဲ့ ကော့တေးတစ်ခွက်လုံးကို တစ်ချိုက်တည်း ကုန်အောင် မော့သောက်ပစ်နေသည်။ ပြီးမှ အသက်ကို တစ်ဆုံးရှိုက်ရှုရင်း ပြည့်ဖြိုးအောင်ရဲ့ မျက်နှာအား စူးရှတဲ့ မျက်ဝန်းတွေနဲ့ မော့ကြည့်လိုက်၏။

" သိမ်မွေ့ထည်လို့ပဲ ခေါ်ပါတော့လား ကိုပြည့်ဖြိုးရယ် "

ခနဲ့သလို အပြုံးလေးတစ်ခုဖန်ဆင်းရင်း သူပြောချလိုက်တော့ ဟိုက ပျာပျာသလဲ ပြန်တောင်းပန်သည်။

" အာ .. Sorry .. sorry ပါ။ နောက်ဆို အပြောအဆိုကို ကိုယ်ပိုပြီး ဂရုစိုက်ပါ့မယ် "

" အခု ကျွန်မက အတော်လေး အဆင်ပြေနေပါပြီ။ ကိုယ့်ဘဝနဲ့ကိုယ် လွတ်လွတ်လပ်လပ် ရှင်သန်ခွင့်ရနေပြီလေ။ ကိုပြည့်ဖြိုးရော အဆင်ပြေတယ် မဟုတ်လား "

" အင်း ပြေပါတယ်။ ကိုယ်က ပြီးခဲ့တဲ့ ၂လလောက်ကမှ နိုင်ငံခြားကနေ ပြန်လာခဲ့တာ။ U.K မှာရှိတဲ့ The One ကုမ္ပဏီက အခု မြန်မာနိုင်ငံမှာ အခြေစိုက်ရုံးခွဲလာဖွင့်ထားပြီလေ။ ကိုယ်က အဲ့ဒါကို ဦးစီးပေးဖို့ ရောက်လာတာ "

" သြော် The One က ဒီမှာတောင် အခြေစိုက်ရုံး လာဖွင့်ထားပြီပေါ့.. "

" အင်း .. အခုလတ်တလောတော့ Cement နဲ့ အလူမီနီယံတံခါးတွေလောက်ပဲ ရောက်သေးတယ်။ မြန်မာပြည်ဈေးကွက်မှာ လူသိများလာဖို့ကိုတော့ အခုမှ ကိုယ်စပြီး ကြိုးစားကြည့်ရမှာ "

" The One ဆိုတဲ့ Brand က Europe ဈေးကွက်မှာ Top 1 to 5 list ထဲဝင်တဲ့ Brand တစ်ခုပဲလေ။ ဘာများ လူသိများအောင် တကူးတက ကြိုးစားနေစရာ လိုဦးမှာလဲ။ အခုလို ဒီမှာ အခြေစိုက်ရုံး လာဖွင့်ပေးတာကိုတောင် ကျွန်မတို့က ဝမ်းသာရဦးမှာ "

ElegantWhere stories live. Discover now