30 (Unicode)

2.6K 397 31
                                    

သိမ်မွေ့ထည်နဲ့ စကားများခဲ့သည့် ညနက်သန်းခေါင်မှာပဲ ဘရန်စိုင်း အိမ်မှ ထွက်လာခဲ့ပြီး ဟိုတယ်မှာ တစ်ယောက်တည်း သွားသောက်ခဲ့သည်။ ဒါကို သူ့ရည်းစား ခေသီဟန်က သိတော့ ညတွင်းချင်း ဟိုတယ်သို့ လိုက်ချလာ၏။

" မမက မောင့်ဘက်ရှိမနေတော့ဘူး။ အဲ့ဒီကောင်မလေးကြောင့်နဲ့ မောင့်ကို .. မောင့်ကိုကွာ လေသံမာမာနဲ့တောင် မအော်ခဲ့ဖူးတဲ့ မမက .. အခု .. အခု မောင့်ပါးကို ရိုက်သတဲ့ကွာ "

ခုတင်စောင်းမှာ အရက်မူးပြီး ငိုနေတဲ့ ဘရန်စိုင်းကို ခေသီဟန်က ဖက်ထားပေးရင်း

" မငိုပါနဲ့တော့ မောင်ရယ်။ သိမ်မွေ့ထည် မောင့်ဘက်မှာမရှိလည်း မ,ရှိတယ်လေကွာ။ သူ မောင့်ကို တန်ဖိုးမထားလည်း နေစမ်းပါစေ။ မ မောင့်ကို ဘယ်လောက်အထိ တန်ဖိုးထားတယ်ဆိုတာ မောင်သိတယ် မဟုတ်လား။ သူ့ဆီ ပြန်မသွားစမ်းနဲ့ မောင်။ ပစ်ထားလိုက်စမ်းပါ .. တစ်နေ့နေ့ မောင်ပြောသလို ဖြစ်လာတော့မှ သူ မောင့်ရဲ့တန်ဖိုးကို နားလည်လာလိမ့်မယ်။ မောင့်ကို အစောတည်းက ပြောတယ် မနဲ့ပဲ အတူလာနေပါတော့လို့။ မတို့ သာယာလှပတဲ့ ဘဝလေးတစ်ခုကို တည်ဆောက်ကြမယ်လေ။ မောင်လိုချင်တဲ့ မေတ္တာတရားတွေကို မ တစ်ဘဝလုံး သက်ဆုံးအထိ ပုံအောပြီး ပေးပါ့မယ်ကွာ "

ရင်ခွင်ထဲမှာ ရှိုက်ကြီးတငင်ငိုနေတဲ့ စိုင်းကို ဖက်ပေးထားရင်း မျက်ရည်တွေကို သုတ်ပေးလို့နေ၏။ ဒါပေမဲ့ ခေသီဟန် စိတ်ထဲမှာတော့ အတော်ကြီးကို ဒေါသထွက်နေခဲ့သည်။ ခေသီဟန်ဟာ သိမ်မွေ့ထည်ကို ပျက်စီးအောင်လုပ်ဖို့အတွက် စိုင်းကို အသုံးချနေတယ်ဆိုတာ မှန်ပါသော်လည်း သူစိုင်းကို တကယ်လည်း ချစ်သွားခဲ့မိသည်။ စိုင်းဟာ ရိုးသားပြီး အနေအေးတဲ့ ယောကျာ်း၊ သစ္စာရှိပြီး ကောင်းမွန်တဲ့ ယောကျာ်းတစ်ယောက်ဖြစ်တာကြောင့် စိုင်း အပေါ်၌ စစ်မှန်တဲ့သံယောဇဉ်တွယ်သွားမိခြင်းဖြစ်၏။

'သိမ်မွေ့ထည် ... မောင်အခုလို မျက်ရည်ကျသလိုမျိုး နင်လည်း သိပ်မကြာခင်မှာ မျက်ရည်ပေါက်ပေါက် ကျရစေမယ်။ ငါနင့်ကို ကျရှုံးအောင် ဖျက်စီးပြမယ် .. စောင့်ကြည့်နေလိုက်´

ElegantWhere stories live. Discover now