15 (Unicode)

4.3K 551 83
                                    

" သက်လွှာ ဒီနေ့တီလေးရဲ့သူငယ်ချင်း သူဇာစိုးရဲ့ မင်္ဂလာဆောင်ရှိတယ်။ သက်လွှာ တီလေးနဲ့ လိုက်ခဲ့ပေးနိုင်မလားဟင် "

ကရားထဲမှ ကော်ဖီတွေကို ခွက်ထဲဌဲ့ထည့်ပေးနေရင်း သိမ်မွေ့ထည်ပြောတော့ သက်လွှာ ခေါင်းညိတ်ပြလိုက်သည်။

" ဟုတ် လိုက်ခဲ့မယ်လေ တီလေး "

သက်လွှာဆီမှ အဖြေစကားကိုကြားရပြီး ကျေနပ်သွားဟန်ဖြင့် သူမက ပြုံးနေသည်။

" အဝတ်အစားက သက်လွှာကြိုက်တာ ဝတ်ခဲ့လို့ရတယ်နော်။ စိတ်ထဲသိပ်ပြီး မထားနဲ့။ ပေါ့ပေါ့ပါးပါးလေးပဲ လိုက်လာခဲ့ ဟုတ်ပလား "

" ဟုတ်ကဲ့တီလေး .. "

မနက်စာစားလို့ ပြီးခါနီးတဲ့ အချိန်ကျတော့ ထမင်းစားဆောင်ထဲမှ အစ်မချိုမာ အပြင်သို့ခဏထွက်ခွာသွားသည်။ ပြန်ရောက်လာတော့ အစ်မချိုမာရဲ့ အနောက်၌ အမျိုးသမီးတစ်ဦး လိုက်ပါလာ၏။ အသက် ၂၈ နှစ်အရွယ်လောက်ရှိပြီဟု ထင်ရလောက်တဲ့ ထိုအမျိုးသမီးဟာ အရပ်အလွန်ရှည်ပြီး ဒေါင်ကောင်းသည်။ ဒူးအထက် စကတ်တိုကိုဝတ်ဆင်ထားပြီး ဝတ်စားဆင်ယင်ပုံမှာ ခေတ်ဆန်လွန်းသည်။ လက်ထဲမှာလည်း သေတ္တာကြီးတစ်လုံးကို ကိုင်ဆွဲထားသေးသည်။ 

" မမရေ ငယ်လေးရောက်ပြီနော် "

ထိုအမျိုးသမီးထံမှ ထွက်ပေါ်လာတဲ့အသံမှာ ခပ်သြသြနဲ့ ယောကျာ်းသံကြီးဖြစ်နေတာကြောင့် သက်လွှာမျက်လုံးပြူးသွားလေသည်။ အသံသာ မကြားရလျှင် ထိုအမျိုးသမီးကို တကယ့်မိန်းကလေးစစ်စစ်လို့ ထင်မိမှာ အမှန်ပင်။ လမ်းလျှောက်ပုံကအစ အမျိုးသမီးတစ်ယောက်အတိုင်း နွဲ့နွဲ့နှောင်းနှောင်းလေးလေ။

" ဟယ် ငယ်လေးက ရောက်တောင်လာပြီပဲ "

" မမက အချိန်တိကျမှ သဘောကျတယ်ဆိုတာကို ငယ်လေးသိတယ်လေ မမရယ်။ အဲ့ဒါကြောင့် စောစောထထွက်လာလိုက်တာ "

" ငယ်လေးကတော့လေ .. "

သူမကပြုံးရယ်နေရင်း

" မမ အပေါ်မှာ ရေချိုးပြီး အဝတ်အစားအရင်လဲနှင့်မယ်။ ပြီးတာနဲ့ ခေါ်ခိုင်းလိုက်မယ်နော် ငယ်လေး "

ElegantWhere stories live. Discover now