5 (Unicode)

3.7K 364 41
                                    

အိပ်ယာပေါ်အချိန်အတော်ကြာအောင် လှဲအိပ်နေပါသော်လည်း သက်လွှာ အိပ်လို့မပျော်ပေ။ ဟိုဘက်လှိမ့်လိုက် ဒီဘက်လှိမ့်လိုက်ဖြင့် ခုတင်ပေါ်မှာ လူးလွန့်နေ၏။ နောက်ဆုံးတော့ အိပ်မရတဲ့အဆုံး အခန်းအပြင်ဘက်က လသာဆောင်မှာ ခဏထွက်ထိုင်ကြည့်ရင်ကောင်းမယ်လို့တွေးရင်း ခေါင်းရင်းဘက်မှာရှိနေတဲ့ စာအုပ်စင်တွေဘေးက အခန်းတံခါးကို ဆွဲဖွင့်လိုက်မိသည်။ အပြင်မှလေထုက အရှိန်အဟုန်ဖြင့် ဝင်ရောက်လာသည်မို့ ခန်းဆီးစအဖြူရောင်လေးက သူ့မျက်နှာပေါ်သို့ ရှပ်ပြေးပြီးတော့မှ အနောက်သို့ လွှင့်တက်သွားလေသည်။ ညဘက်လေထုရဲ့ အေးစိမ့်သည့်ခံစားချက်က စိတ်ကို အနည်းငယ်တော့ ပြန်လည်လန်းဆန်းသွားစေသည်။ အဖြူရောင်တီရှပ်လက်တိုလေးကိုသာ ဝတ်ထားမိတာကြောင့် အနည်းငယ် ချမ်းစိမ့်လာတဲ့ လက်မောင်းသားကို လက်ဖဝါးနှစ်ဖက်ဖြင့် ပွတ်သပ်နေရင်း ဘယ်ဘက်သို့ လှည့်ကြည့်မိလိုက်၏။ ဤအချိန်၌ သက်လွှာရဲ့ တင်းတင်းစေ့ထားသော နှုတ်ခမ်းတစ်စုံဟာ အနည်းငယ် ပွင့်ဟသွားခဲ့ရသည်။

" ဟင် "

သက်လွှာ မသိလိုက်တာက ထိုလသာဆောင်သည် ဒေါ်သိမ်မွေ့ထည်နေတဲ့ အခန်းကနေလည်း ဝင်ထွက်လို့ရတယ်ဆိုတာကိုပင်။

X    X    X    X    X

ညတိုင်းမှာ အိပ်ဆေးမသောက်လျှင် အိပ်မပျော်တော့တာက သိမ်မွေ့ထည်ရဲ့ အကျင့်တစ်ခုဖြစ်နေချေပြီ။ ဒါပေမဲ့ ဆေးကူမှ အိပ်ပျော်မည့်ညများကိုလည်း သူ,မလိုလားပါ။ ထို့ကြောင့် ညတိုင်းလိုလို အခန်းအပြင်ဘက်က လသာဆောင်သို့ထွက်ပြီး စီးကရက်သောက်လေ့ရှိသည်။ သူ့ရဲ့ မိသားစုဆရာဝန်က ညဘက်မှာ ဆေးလိပ်အလွန်အကျွံ့သောက်သုံးလျှင် ပိုပြီး အိပ်မပျော်ဖြစ်တတ်သည်ဟု သတိပေးထားပါသော်လည်း သိမ်မွေ့ထည်ကတော့ ဂရုမစိုက်ပါ။ အိပ်လို့မပျော်မဲ့အတူတူ ရင်ထဲမှာရှိနေတဲ့ မွန်းကျပ်မှုတွေကို စီးကရက်ငွေ့တွေနဲ့အတူ လွင့်မျောပစ်ချင်သည်လေ။

ယခုညလည်း စိတ်ထဲသိပ်ပြီးနေလို့ မကောင်းတာကြောင့် အခန်းအပြင်ဘက်က လသာဆောင်မှာထွက်ပြီး ဝှီးချဲပေါ်၌ပင် စီးကရက်ထိုင်သောက်နေမိသည်။ တစ်လိပ်ပြီးတစ်လိပ် သောက်နေမိတာ ဘယ်နှလိပ်တောင် ကုန်သွားပြီလဲဆိုတာကို သိမ်မွေ့ထည် သတိမထားနိုင်ခဲ့တော့။ စီးကရက်ဘူးထဲမှာ နောက်ဆုံးတစ်လိပ်တည်း ကျန်ရစ်တာကို မြင်တွေ့ချိန်မှသာ 'သြော် ငါသောက်နေမိတာ တစ်ဘူးတောင်ကုန်ပြီပဲ´လို့ စိတ်ထဲမှ ရေရွတ်လိုက်လေသည်။
နောက်ဆုံးတစ်လိပ်ကို မီးညှိပြီး ရှိုက်ဖွာနေရင်း လသာဆောင်ရဲ့ ညာဘက်အခြမ်းမှာရှိတဲ့ သက်လွှာ နေနေသည့်အခန်းဘက်ကို သူလှည့်ကြည့်မိသည်။ ခန်းဆီးလိုက်ကာရဲ့ အနောက်၌ ထိန်လင်းနေသေးသည့် မီးအလင်းရောင်ကိုတွေ့မိတော့ ဒီကလေး မအိပ်သေးဘူးလားဟု တွေးနေမိသည်။

ElegantWhere stories live. Discover now