part 39

1.8K 179 21
                                    


ခန်းဝင်ပစ္စည်းအစုံအလင်နှင့် လုံးဝပြီးပြည့်စုံနေသော မင်္ဂလာပွဲကိုကြည့်ကာ ခပ်ဖျော့ဖျော့ပြုံးမိသည် ။ ဘာပကာသနမှမပါပဲ ရိုးရှင်းစွာ ဆင်ယဉ်ထားသော မင်္ဂလာပွဲလေးသည် ကျက်သရေအဖြာဖြာနှင့်ပြည့်စုံလျက် ။

မလွန်းသွေးငယ်နှင့် မယွန်းသဒ္ဓါသိမ့်
        တို့၏ မင်္ဂလာဧည့်ခံပွဲ

ခပ်တိုးတိုးရေရွတ်လိုက်မိသော သတိုးသမီးနှစ်ဦး၏အမည်ဟာ မင်္ဂလာမဏ္ဌပ်အလယ်မှာ ထင်းလင်းတောက်ပစွာ ၊ တစ်သက်နှင့်တစ်ကိုယ် ဘယ်သူ့အပေါ်မှာမှမနာလိုခြင်းမရှိခဲ့ဖူးသည့် သူက အခုတော့ လွန်းသွေးငယ်ကိုမနာလိုဖြစ်မိသား။

"ဟင် ဘာမှလည်း မပြင်ဆင်ရသေးပါလား မုဒွိသဏ္ဌန်! မင်္ဂလာပွဲက စတောင်စတော့မှာကို !

ဘယ်အချိန်ကတည်းက အနားရောက်လာမှန်းမသိသည့် လွင်ဖူးခေတ်ကို ပေစောင်းစောင်းပြန်ကြည့်လိုက်သည် ။သူနဲ့လည်း သိပ်မခင်ပါပဲ အမြဲလိုလို လာရောတတ်သည့် လွင်ဖူးခေတ်ကို အရင်ကတည်းက ကြည်ခဲ့တာမဟုတ် ၊အခုလည်း ကြည့်လေ ၊မသိမ့်နဲ့မင်္ဂလာဆောင်မယ့်သူက လွန်းလား သူလား မသဲကွဲလောက်အောင်ပင် ပြင်ဆင်ထားလေရဲ့ ။

"ဟဲ့ ငါပြောနေတာကြားလား ။"

"အေး ကြားတယ်လို့ ။ ငါနားမကန်းသေးဘူး ။"

ဘယ်လောက်ပဲ ကြည့်မရပါဘူး ပြောပြော မုဒွိသဏ္ဌန်တို့ကတော့ သူ့အကျင့်အတိုင်း ပက်ကနဲပြန်စွာလိုက်ရမှ နေသာထိုင်သာရှိသည့်လူမျိုး ။အခုလည်း လွင်ဖူးခေတ်ကို ပြန်ချေပကာ ခြေဆောင့်ထွက်လာခဲ့‌ေတာ့သည်။

"ကြည့်စမ်းပါအုံး ၊ဒီလိုလေးကျတော့လည်း မာမီ့သမီးလေးက လှလိုက်တာကွယ် "

မာမီက သွေးအားကြည့်မဝနိုင်ဖြစ်နေသည် ။ အကြည့်ခံရသည့် သွေး ခမျာမှာတော့ ငိုရခက်ရယ်ရခက်ဖြစ်နေလေရဲ့ ။ ပါတိတ်ပန်းရောင်ဝမ်းဆက်ကြီးနှင့် ကိုးရို့ကားယားဖြစ်နေသည့် ကိုယ့်ပုံစံကိုကိုယ်တိုင်သာသိသည်‌ေလ။

"ဟ ကြည့်စမ်းပါအုံး ငါ့သူငယ်ချင်းကြီးကလှနေလိုက်တာ ၊ ဟဲဟဲ ဒါနဲ့ညကျရင်တစ်ဝိုင်းပေးနော် ။"

You've reached the end of published parts.

⏰ Last updated: May 03 ⏰

Add this story to your Library to get notified about new parts!

အချစ်ရှိရာ အညာမြေWhere stories live. Discover now