Part 15

2.7K 221 5
                                    


လက်ထဲမှာ ကိုင်ထားသည့်ဖုန်းလေးအား တွေတွေလေးကြည့်ကာ မုဒွိ ငိုင်နေမိတော့သည် ။ခုချိန်ထိ အမေရိကမှာသာရှိနေသေးသည့် မာမီနှင့်ဒယ်ဒီသည် သမီးဖြစ်သူအား မေ့နေဟန်ပေါ်၏ အမြန်ဆုံး လုပ်ငန်းကိစ္စတွေပြီးရင် ပြန်လာခဲ့ပါ ဟုထပ်တစ်လဲလဲ မှာကြားခဲ့သော်လည်း‌ နောက်တစ်လ လောက်ထိ အချိန်‌စွဲနေပြန်သော မိဘတွေရယ်ပါ ။ မုဒွိမှာ သူငယ်ချင်းဖြစ်သူ လွန်းလည်းမရှိတော့ သူများအိမ်မှာ ကပ်နေနေရတာကြီးကိုလည်း အားနာလှပြီလေ ။ ထို့အပြင် နေကုန်နေခန်း အိမ်ထဲကနေ အိမ်အပြင်ထိမထွက်ရလေတော့ စိတ်ကပို၍ငြီးငွေ့လွယ်နေသည် ။ သူမအနေဖြင့် မြန်မာပြည်ကိုရောက်လျှင် နေရာစုံအနှံ့သွားလည်မည်ဟု ကြုံးဝါးထားခဲ့မိသော်လည်း ဟိုရက်စက်လှသည့်လွန်းသွေးငယ်ကြောင့် အိမ်မက်တွေတစ်စစီ ကွဲကြေသွားရလေသည်မဟုတ်လား ။
တစ်ယောက်တည်း ရောက်ရာပေါက်ရာ သွားဖို့ရာကျတော့လည်း လမ်းတွေမမှတ်မိ ၊ဒါကထားအုံး ၊သူမ ဘာနဲ့သွားမှာလဲ ၊ သူများကိုကားကိုလည်းယူမစီးချင် ၊တက်စီ စီးဖို့ရာကျတော့လည်း မဝံ့မရဲ ...။

ဟူး

တစ်ယောက်တည်း အတွေးတွေရောက်ယက်ခတ်နေရင်း သက်ပြင်းချလိုက်မိသည်။

"ဟိတ် တစ်ယောက်တည်းဘာတွေ ငိုင်နေတာလဲ ။"

ထိုစဉ်နောက်ကျောဆီမှ အသံကြောင့် မုဒွိကိုယ်လေးသည်မတ်ကနဲ ဖြစ်သွားရပြီး တစ်ဆက်တည်းနောက်လှည့်ကြည့်လိုက်မိသည် ။ ညအချိန်ပေမို့လားမသိ ထိုအမျိုးသမီးဝတ်ထားသည့်ရှပ်အဖြူရောင်သည် ‌လရောင်အောက်တွင်ထင်းလင်းနေ၏
ပြုံးရိပ်တောင် သန်းမနေသည့် ဒီအမျိုးသမီးသည် ဘယ်လိုနေနေကိုလှရက်နိုင်လွန်းပါသည်။

"ကျွန်မ အမေရိကကိုပြန်တော့ရင် ကောင်းမလားလို့ ။"

သူမ မျက်နှာလွဲရင်းစိတ်ပျက်လက်ပျက်နဲ့ပြောလိုက်မိသည် ။ခုချိန်မှာ အရာအားလုံးကို စိတ်ပြတ်နေတာထက် ကိုယ့်ကိုယ်ကိုပို၍ စိတ်ပြတ်နေမိသည်။

"ဘာလို့လဲ မီးငယ်မရှိလို့လား ။ အဲ့ဒါကြောင့် ဆိုရင်တော့ တို့ခွင့်မပြုဘူး ။မီးငယ် မရှိလဲ တို့ရှိနေတာပဲ ။ "

အချစ်ရှိရာ အညာမြေWhere stories live. Discover now