part 18

2K 215 1
                                    


နောက်ဆုံးတော့ သွေး စောင့်မျှော်နေခဲ့ရသည့်မြို့ထောင့်စေတီပွဲရက်သို့ရောက်လာခဲ့လေပြီ ။ အပြောထက် လက်တွေ့ကိုပိုယုံတတ်သောသွေးဟာယခုလည်း ‌မျက်စိနှင့်ကိုယ်တိုင်မြင်တွေ့လိုက်ရမှ အမေဇင်းဖြစ်တော့သည် ။တကယ်တော့ ဘုရားပွဲရက်က လွန်ခဲ့သည့်နှစ်ရက်လောက်ကတည်းက ကျင်းပနေတာပင်ဖြစ်၏ ပွဲစစရက်ချင်းထိုရက်တွေအတွင်းမှာ လူတွေကြိတ်ကြိတ်တိုးနေမည်စိုးတာကြောင့် သုံးရက်မြောက်နေ့မှရောက်လာခဲ့ခြင်းပင် ။ဒါတောင်‌ လူတွေဟာအများအပြားနှင့်သူသူငှာငှာအုံးကြွနေကြ၏

"ဝိုး ရဟက်ကြီးပါလား ။ မစီးရတာကြာပြီ ၊ ဒီတစ်ခေါက်တော့ အဝစီးရမယ် ဟယ် ဟိုမှာ ပင်လယ်ဓားမြကြီးရောပဲ ၊ မြင်ရယုံနဲ့တင်ကို အသည်းအေးနေပြီ ဟိဟိ။"

ယွန်းက သူ့ဟာသူပြောကာ သဘောတွေကျနေလေဟည်။ ဆိုင်ကယ်အပ်နှံထားပြီးပြီးချင်းပင် အဝင်ဝတွင် မီးရောင်ပေါင်းစုံဖြင့်အလှဆင်ထားသော ကစားကွင်းအားအရင်တွေ့ရသည် ။ ကလေး လူကြီးမရွေး အရွယ်စုံ ဆိုဒ်စုံ တွေသည် ဒီကစားကွင်းတွင်သာအများဆံုးလာစုနေသည်ထင်၏

"သွေး မမ လာလာ ရဟက်သွားစီးရအောင် ။"

အတင်းလက်ကိုဆွဲကာ ခေါ်သွားသော ယွန်းကြောင့် နှစ်ယောက်စလုံး ပါသွားကြလေသည် ။ မမယွန်းသဒ္ဓါသိမ့်က ဘယ်လိုနေမလဲမသိပေမယ့် သွေးကတော့ အခုကတည်းက ခေါင်းမူးချင်လာသည် ။ သွေးက အမြင့်ဆို သေမတတ်ကြောက်တတ်သူမဟုတ်လား ။

"ဟယ် ယွန်း ၊ ငါတစ်ယောက်တည်း ဖြစ်နေတာနဲ့အတော်ပဲ ။လာ ဒီနားလာထိုင် ။"

သုံးယောက်သား ဘယ်နေရာထိုင်ရမှန်းမသိ ကြောင်တောင်တောင်လေးရပ်နေစဥ်မှာပင် မိန်းကလေးတစ်ယောက်၏အသံဟာလေထဲသို့ပျံ့လွင့်လာ၏ ထိုသူဟာယွန်း၏ အသိမိတ်ဆွေဖြစ်ပုံရသည် ။ ထိုမိန်းကလေး၏အပြောကြောင့် ယွန်းက အင်တင်တင်ဖြင့် သွားထိုင်လိုက်ရသည်မို့ သွေးတို့က နှစ်ယောက်တည်းထိုင်ရတော့သည် ။အစက ရဟက်စီးမည်ဟုကြံရွယ်ထားသောလည်း တော်နဲ့အရှိန်မသပ်သေးသောရဟက်ကြောင့် ပင်လယ်ဓားပြပေါ်သို့ရောက်လာခဲ့ကြသည် ။ ထိုင်ခုံဟာလူလေး‌ငါးယောက်အသာလေးဆန့်သော်လည်း အတွဲချည်းသာ ထိုင်သည်မို့ နှစ်ယောက်စီလေးတွေ ဖြစ်နေသည် ။ထို့ကြောင့် နောက်ဆုံးမှရောက်လာသည့်သွေးနှင့်မမယွန်းသဒ္ဓါသိမ့်က သူတွေများတွေကွက်ရှောင်ထားသည့်ရှေ့ဆုံးအဖျားအနားမှာနေရာရ၏ရှေ့ဆုံးကဆို ပို၍ကြောက်ဖို့ကောင်းသည်လေ ။

အချစ်ရှိရာ အညာမြေWhere stories live. Discover now