part 27

2.2K 194 7
                                    

"သွေး တို့များနော် ၊သူ့မမနဲ့အဆင်ပြေကာရှိသေး တို့တွေဆီကိုဖုန်းတောင်မခေါ်တော့ဘူး ။နေနိုင်ချက်ကတော့ ၊ ရန်ကုန်ကိုပြန်လာဖို့အစီအစဉ်ကောရှိသေးရဲ့လား ။"

ခေတ်၏အသံသည် ဖုန်းထဲမှာတင်ကို စူးကနဲ ထိုးဖောက်လာသည် ။ မနက်အစောကြီး ဖုန်းဆက်ကာ ရန်လုပ်နေသည့် ခေတ် ကို စိတ်ဆိုးရမလားချော့မရလားတောင် မစဉ်းစားတတ်ပါ ။

"ငါရန်ကုန်ရောက်ရင် တွေ့ရမှာပဲလေ ခေတ်ရာ ၊ ဒီနေ့မှ စောစောစီးစီး ဘာထဖောက်ရတာတုန်း ။အရင်နေ့တွေကကျ ဖုန်းမဆက်ပဲ ။"

ကိုယ်ပေါ်မှ လွှားခြုံထားသည့်ကို စောင်ကိုအသာဖယ်လိုက်ရင်း ထထိုင်လိုက်တော့ စည်းနှောင်းခြင်းကင်းမဲ့နေသည့် ဆံပင်တွေက ပြေကျလာသည် ။ ထို့ကြောင့် ခေါင်းရင်းတွင်အသင့်ရှိနေသည့် မ ၏ခေါင်းစည်းကြိုးနှင့် ခပ်တင်းတင်း စည်းနှောင်ကာ ကုတင်ပေါ်မှ အသာအယာဆင်းလိုက်သည် ။

"ဒီမှာငါကော မောင်ကို နင်တို့နှစ်‌ေယာက်ကိုစိတ်ဆိုးနေတယ် ဆိုတာ သိကောသိကြရဲ့လား ဟမ် ။ ငါတို့ကို ပလစ်ပြီး အညာမှာသာယာနေကြတဲ့ဟာ‌ေလးတွေရဲ့ ။"

ခေတ်၏အသံသည် တစ်ဖြည်းဖြည်းနှင့်တင်းလာသည်မို့ ‌မနက်စောစောစီးစီး သက်ပြင်းချလိုက်မိသည် ။ အတော်ကြီးကို စိတ်ဆိုးနေပုံရသော ခေတ်သည် အချိန်အားဖြင့်မနက်တစ်နာရီပဲရှိသေးတာကို သိကောသိရဲ့လား မသိပေ ။

"ငါပြောတာကြားလား သွေး ! ပြန်လာခဲ့ကြတော့လို့ ။ ဒီမှာ ငါနဲ့မောင်နဲ့နှစ်ယောက်တည်း ပျင်းလို့သေတော့မယ်လို့ ။"

ခေတ်ဆီမှ ပြန်လာခဲ့တော့ ဟုသည့်စကားကိုကြားတော့ အနားတွင် နှစ်ခြိုက်စွာအိပ်မောကျနေသည့် မ ကိုငဲ့ကြည့်လိုက်မိသည် ။ သွေး သိပ်ချစ်ရသော ချစ်သူအသစ်စက်စက်ကလေးအား ဘယ်လိုစိတ်နဲ့ များထားခဲ့ရက်ပါ့မလဲ ။

"ဒါဘဲ ။ငါနောက်နေ့မှ ပြန်ဆက်လိုက်မယ် ။"

----

အထိန်းအကွပ်မဲ့နေသည့် ဦးနှောက်က မတွေးသင့်တာ‌ေတွကိုတွေးမိလာသည့်အခါ ကိုယ့်စိတ်ကိုလည်း မထိန်းချုပ်နိုင်တော့ ။

အချစ်ရှိရာ အညာမြေDär berättelser lever. Upptäck nu