part 36 ခ

2.2K 204 9
                                    

ဆောင်းရာသီအစပိုင်း၏အအေးဓာတ်ဟာ ဒီလောက်တောင်မှ အေးရသလား ။ ချမ်းလိုက်တာမှ ‌တုန်လို့ ၊ခရီးပန်းလာ၍နုံး‌နေသော်လည်းသူ့ခမျာရေတောင်မချိုးနိုင် ။ မြန်မြန်ဆန်ဆန်ပင်ကိုယ်လက်သန့်စင်၍ အဝတ်အစားသာလဲလိုက်ရသည် ။

"ချမ်းနေလား မုဒွိသဏ္ဌန် ၊နွေးသွားအောင် ရေနွေးလေးသောက်လိုက်ပါ့လား အွန့် ...!!

ပြောရင်း ရေ‌နွေးပူပန်းကန်ကိုကမ်း‌ပေးလာသည့် ယွန်းကြောင့်အင်တင်တင်နှင့်ယူလိုက်ရသည် ။ ရေ‌နွေးပူဆိုတာ သူသောက်လေ့သောက်ထမှမရှိပဲ ၊ ရေအေးဆိုရင်သာ ဘယ်လောက်အေးအေး သောက်နိုင်တာလေ ။

"ရော့ လက်ဖက်လည်းစား ၊ ‌လက်ဖက်‌ေလးစားပြီး ရေနွေးလေးတစ်ငုံ့သောက်ကြည့်လိုက် ၊လုံးဝနွေးထွေးသွား‌စေမယ် ။"

ရုပ်တည်ကြီးဖြင့် ပြောသည့် လွန်း၏စကားကြောင့် ဟန်ပင်မဆောင်နိုင်ပဲ ထရယ်မိသည် ။

"ဘာရီတာလဲ "

"အဟက် အခြားသူတွေဆီက ဒီစကားကြားရင် ငါဒီလောက်ရီချင်မှာမဟုတ်ဘူး သိလား ။"

ထိုအခါ သွေးကလွဲ၍အကုန်လုံးပြုံးစိစိဖြစ်သွားကြသည် ။ဟုတ်သည်လေ ၊ ဒါကိုတော့ ယွန်းလည်းထောက်ခံသည် ၊ဒင်းက ဒီရွာကိုရောက်မှသာ ခုလို‌တွေပြောတတ်လာသည်ကို သူတို့အားလုံးသိကြသည်လေ ။

"ဒါနဲ့ နေပါအုံး ။နင်ကဘယ်လိုလုပ်ပြီး ရောက်လာတာလဲ ၊အကြောင်းမကြားဘာမကြားနဲ့ !

"အန်တီလွင် ဖုန်းဆက်ခေါ်လို့လေ ၊ မြန်မာပြည်ကို ရောက်နေတာတော့ တစ်ပတ်လောက်တောင်ရှိပြီ ။ငါ့မိဘတွေလည်းပါတယ် ။အပြီးပြောင်းရွေ့လာကြတယ်ဆိုပါတော့ဟာ ။"

ထို့သို့ပြောပြီး သဏ္ဌန်ကလက်ထဲကရေနွေးခွက်လေးအား ကုန်အောင်မော့သောက်လေသည် ။ ထပ်ပြီး စကားဆက်အုံးမယ်ထင်တာ မဆက်တော့ဘူးပဲ ။ ဒီကြားထဲ တီတီ တစ်ယောက်ကလည်း တစ်မူထူးခြားစွာ ငြိမ်ချက်သားကောင်းနေသည် ။ လက်ဖက်လေးစားလိုက် သူ့ဖုန်းလေးကြည့်လိုက်နဲ့ အဆင်ကိုပြေနေရော ။သူ့ကောင်လေးနဲ့ စာပို့နေသည်ထင်ပါရဲ့။

"ရောက်လက်စနဲ့ အေး‌ဆေးနေသွားလေ ညီမလေး ။ "

"အခြေအနေအရပေါ့ ။ နေဖြစ်ဖို့ အကြောင်းအရာရှိရင် နေမယ် ၊ မရှိရင် မနေဘူး ။"

အချစ်ရှိရာ အညာမြေWo Geschichten leben. Entdecke jetzt