part 17

2K 204 8
                                    

ယနေ့ ရာသီဥတုမှုမမှန်ပေ ။ညနေက မိုးအုံ့၍ ရွာတော့မယောင်ဖြစ်နေသည့် မိုးခဲတွေသည် လေထဲသို့လွင့်ပျယ်သွားပြီး မရွာခဲ့ပေမယ့်လို့ စိမ့်၍ချမ်းနေ၏ ရေမချိုးတော့ဘူး ဟုစိတ်ပိုင်းဖြတ်ထားသော်လည်း တကယ်တမ်းတော့ မနေနိုင်ပေ ။ သူမ ရေချိုးခန်းထဲကနေ ထွက်လာတော့ အချိန်ဟာ ခြောက်နာရီခွဲလုပြီ ။ထို့ကြောင့် အဝတ်အစားမြန်မြန်လဲကာ အောက်ထပ်သို့အပြေးဆင်း‌ရတော့သည် ။

"မုဒွိလေး လာကွယ် ။ အကုန်အဆင်သင့်ပဲ ။"

သူမအားမြင်မြင်ခြင်း အပြုံးလေးဖြင့်ဆိုလာသည့် အန်တီဆွေ့ကိုမြင်တော့ အားနာစိတ်ကတိုးဝှေ့လာသည် ။အန်တီဆွေ့၏ ညာဘက်နေရာတွင် အန်ကယ်လ် ဦးကျော်မင်းက မိန့်မိန့်ကြီးနေရာယူနေပြီး နှိုင်းအိမ့်လွန်းညိုဆိုသည့် အမျိုးသမီးကလည်း ဘက်ဘက်နေရာတွင် မလှုပ်မယှက်နှင့်တောင့်တောင့်ကြီးထိုင်နေ၏

စားပွဲပေါ်တွင် ထမင်းအသင့် ဟင်းအသင့်ရှိနေပြီး အများစုက မုဒွိအကြိုက်ဟင်းတွေချည်းသာ ။ ဒီအိမ်မှာ နေလာခဲ့သည့် တစ်လအတွင်းမှာပင် မုဒွိဟာ ဒီမိသားစုဝင်လုံးလုံးဖြစ်နေပြီး အန်တီဆွေကလည်း အမေအရင်းနှင့်မခြားပဲ မုဒွိအား ဂရုစိုက်ပါသည် ။ ထို့ကြောင့် မုဒွိ ဒီမှာနေရတာ စိတ်ချမ်းသာ၏

"ထည့်စားနော် သမီး ။ သမီး အကြိုက် ငါးရံ့အချို‌ချက်လေး ချက်ထားတာရယ် ။"

"ဟုတ်ကဲ့ အန်တီဆွေ "

လွန်းသွေးငယ် မရှိတော့ မုဒွိက အန်တီဆွေ့၏သမီးနေရာမှာရောက်မှန်းမသိရောက်နေသည် ။ အပြင်ဈေးဝယ်သွားလျှင် မုဒွိလေးအတွက်ဆိုပြီး အကျီလေးတွေ ဝယ်လာတတ်ပြီး ထမင်းဟင်းချက်လျှင်လည်း မုဒွိ‌၏အကြိုက်ဟင်းတွေချည်းသာ အများဆုံးရွေးချက်သည်မို့ မုဒွိမှာ အန်ကယ်လ်နှင့် နှိုင်းအိမ့်လွန်းညိုဆိုသည့် အမျိုးသမီးကို သိပ်အားနာရသည် ။ထို့သို့တွေး မိလိုက်ရင်း မျက်နှာချင်းဆိုင်တွင် ထိုင်၍မနက်စာစားနေသည့် အမျိုးသမီးကို တစ်ချက်ကြည့်မိတော့
အသက်ရှုနှုန်းတွေမြန်လာသည် ။ဒါဟာ ဘာကြောင့်လဲ ၊ သူဒီလိုဖြစ်နေတာ တစ်ပတ်ကျော်လောက်ပင် ရှိတော့မည် ။ အဖြေဟာခုထိ ရှာလို့မရသေး ။ နှိုင်းအိမ့်လွန်းညို ဆိုသည့် အမျိုးသမီးအား သူစေ့စေ့ကြည့်မိတိုင်း ရင်ထဲတွင်အမျိုးမမည်သော ခံစားချက်ပေါင်းစုံကိုရ၏ တစ်ခါတစ်လေကျ စူးကနဲ ကျင်တက်သွားပြီး တစ်ခါတစ်ခါကျ အသက်ရှုနှုန်းတွေမြန်ပြီး မောဟိုက်လာ၏ နှစ်ယောက်သား အကြည့်ချင်းဆုံမိပြန်တော့လည်း အရင်ဆုံးမျက်လွှာချရသူကတော့ မုဒွိသဏ္ဍန်ပင်ဖြစ်၏

အချစ်ရှိရာ အညာမြေWhere stories live. Discover now