Part 20

2.2K 200 1
                                    

သူတို့ ပြန်ရောက်လာတော့ အချိန်ဟာညဆယ့်တစ်နာရီပင်ကျော်နေလေပြီ။သို့သော်
ယွန်း၏မေမေနှင့်ဖေဖေကတော့ မအိပ်ကြသေးပဲ သူတို့အား စောင့်နေကြဟန်နှင့်တူပါသည် ။ခြံထဲသို့ ဆိုင်ကယ်လေး ထိုးရပ်လိုက်သည်နှင့်တစ်ပြိုင်နက် အိမ်ထဲမှ ယွန်း၏မေမေဟာ အပြေးလေးထလာ၏

"ဟော ပြန်လာကြပြီတော့်။ ဖေကြီးရေ တော့်သမီးတွေ ပြန်ရောက်လာပြီ ။"

ဝမ်းသာအားရဖြင့် ယွန်း၏ဖေဖေအား အော်ပြောနေသော ဒေါ်လေးကြောင့် ဆိုင်ကယ်ဒေါက်ထောက်နေရင်းမှ ပြုံးမိလိုက်သည် ။

"ငါ့သမီးတွေ တော်တော်မှပျော်လာကြရဲ့လားကွ ဟေ ။"

ယွန်းက အိမ်ပေါက်ဝတွင် စီးကြိုနေလျက်ရှိသော သူ့မေမေနှင့်ဖေကြီးအား တစ်လှည့်စီပွေ့ဖက်၍‌ချွဲနေလေ၏

" ဒီက တူမလေးကော ဘယ်လိုတုန်းကွ ၊ ဦးတို့ ဘုရားပွဲက မိုက်ရဲ့လား ။"

"ဟုတ်ကဲ့ ဦးလေး ။ သွေး အများကြီးသဘောကျပါတယ် ။"

သွေး ထိုသို့ပြန်ဖြေလိုက်တော့ ယွန်း၏ ဖေဖေဟာ အတော်လေး ဝမ်းသာအားရဖြစ်သွားသည်နှင့်တူပါသည် ။ သဘောကျရင် နောက်နှစ်တွေလည်း လာလည်ပေါ့ကွယ် တဲ့လေ ။ စိတ်ချပါ ဦးလေးရေ ...။ နောက်နှစ်တွေတော့ တစ်ကူးတစ်ကကြီး လာလည်မနေတော့ဘူး ၊ဦးလေးရဲ့ သမီး မမယွန်းသဒ္ဓါသိမ့်ကိုယူပြီး ဒီမှာဘဲ အခြေချလိုက်တော့မယ် ဟု စိတ်ထဲမှ ပြန်လည်ပြောဆိုနေမိသည် ။

"ဟဲ့ သွေး ။လာလေဟယ် ၊အိမ်ထဲမဝင်တော့ဘူးလား ။"

ယွန်း၏အသံစူးစူးကြောင့် သွေး ကိုယ့်ကိုယ်ကို ထက်အောက်သေချာပြန်ကြည့်မိတော့ အိမ်အဝမှာသာ ရပ်နေသေးကြောင်း သိရသည် ။ထို့အတူအထဲကို လှမ်းကြည့်လိုက်တော့ ယွန်းက ပစ္စည်းတွေချကာ ခုံပေါ်တွင် ပစ်လဲနေ၏ မမယွန်းသဒ္ဓါသိမ့်ကိုတော့ မတွေ့ရပါ ။ သူ့အခန်းထဲ ဝင်သွားပြီထင်၏

သွေး၏ ခံစားချက်ကို သိရှိပြီးနောက်ပိုင်း ယွန်းက သူ့မမနှင့် ပေးမအိပ်တော့သည်မို့ ယွန်းနဲ့သာ အိပ်ရတော့သည် ။ ဒါကို သွေးလည်း ကြည်ကြည်ဖြူဖြူလက်ခံခဲ့၏ ကိုယ်တိုင်က ဘယ်လိုပဲ ကိုယ်ကျင့်တရားကို စောင့်ထိန်းနိုင်သည်ဘဲထားအုံး  ၊ အများအမြင်က ရှိသေးသည်မဟုတ်လား ။ သွေးသည် လည်းမမယွန်းသဒ္ဓါသိမ့်အား အလွန်ချစ်မြတ်နိုးကြောင်းနှင့် မည်မျှတန်ဖိုးထားသည်ဖြစ်ကြောင်း ယွန်းတို့အားလုံးအား  သက်‌ေသပြချင်တာကြောင့်လည်းပါ၏

အချစ်ရှိရာ အညာမြေWhere stories live. Discover now