part 7

2.2K 216 6
                                    

ခန္ဓာကိုယ်မှ ထုံကျင်ကာတင်းကြပ်နေသည့် ခံစားချက်ကြီးကြောင့် သွေး မျက်မှောင်ကျုံ့ကာ မျက်လုံးတွေကိုပွတ်သက်ရင်း နိုးလာလေသည် ။ ထုံကျင်နေသော အောက်ပိုင်းကိုငုံ့ကြည့်လိုက်တော့ ယွန်းစုခြယ် ဟာအားရပါးရကိုခွထားလေ၏ ဘယ်ချိန်ကတည်းက အခုလိုခွထားသည်မသိ ၊ထုံကျင်ကာ ကိုက်ခဲနေ၏

အချိန်ကိုကြည့်လိုက်တော့ မနက်၅နာရီထိုးသာရှိနေသေး၏ ဆက်ပြီးအိပ်မရတော့မယ့်အတူတူ ထလိုက်တာမှကောင်းအုံးမယ် ဟုတွေးမိရင်း ထလာခဲ့၏ ယွန်း၏ထိုအခန်းကျဉ်းကျဉ်းလေးအား သွေးမအိပ်တတ်ပေ ၊ သို့ပေမယ့် မျက်နှာမပျက်ဘဲ သည်းခံခဲ့သည်က ဒီနေ့နဲ့ဆိုငါးရက်မြောက်နေ့ပင် ၊ ယားယံနေသောလက်တွေကိုကြည့်မိတော့ အနီရဲရဲအဖုတွေဟာ လက်ဖမိုးပေါ်မှာတွင်ထင်းနေသည်။

သွေး မျက်နှာသစ်ပြီး အိမ်ထဲသို့ပြန်ဝင်မည်အပြု မီးဖိုချောင်ထဲမှ အငွေ့တစ်လူလူထနေတာကြောင့် စူးစမ်းချင်မိသွားသည် ။ ဒီအချိန်ကြီး ဘယ်လိုလူတွေကများ ထမင်းဟင်းချက်နေရသနည်း။

သူကသာ ထူးဆန်းသည့်အတွေးမျိုးဝင်နေတာကိုတော့ သွေး တစ်ယောက်မသိခဲ့ပါ ၊ တိတ်ဆိတ်နေသော ပတ်ဝန်းကျင်ကြောင့်ရော ၊ အနည်းငယ်မှောင်ရီနေသော အချိန်ကြောင့်ပါ သွေး တုန်တုန်ရီဖြင့်လျှောက်သွားမိသည် ။ ဒူးအထက်ရှိ ဘောင်းဘီအတိုလေးကိုသာ ဝတ်ဆင်းထားပြီး တီရှပ်အနက်ရောင်ပြောင်ဝတ်ဆင်ထားသော ပုံစံလေးမှာ မနူးမနပ်ကလေးသာသာအရွယ်ကလေးပင် ၊ထို့အပြင် ဖြူလွန်းသည့်အသားအရေသည် မီးရောင်ပြပြအောက်တွင်ထင်ဟက်လို့နေသည်။

သွေး မီးဖိုချောင်ထဲကို ရောက်သွားတော့ ထိုအမျိုးသမီးလေး၏နောက်ကျောကိုအရင်မြင်လိုက်ရသည်။
ထိုင်ခုံလေးပေါ်တွင် ကနွဲ့ကလျထိုင်နေကာ ဆံပင်တွေကို ကပိုကရိုစုထုံးထားသည့် အမျိုးသမီးလေးသည် လူမှားရက်စရာပင်မရှိပေ ။

"ဟို "

သွေး ထိုအမျိုးသမီးလေး၏နောက်ကျောဘက်မှရပ်ကာ ဘာလုပ်လို့လုပ်ရမှန်းမသိပေ ၊

"အို အမလေး !

သွေး၏ အသံနှင့် မီးရောင်ရောက်တွင်ပေါ်လာသောအရိပ်ကြောင့် ထင်သည် ၊ထိုအမျိုးသမီးလေးဟာ ရင်ဘက်ကိုလက်ဖြင့်ဖိရင်း အလန့်တစ်ကြားကြည့်လာ၏

အချစ်ရှိရာ အညာမြေNơi câu chuyện tồn tại. Hãy khám phá bây giờ