part 34

2.2K 227 21
                                    

မနက်ခင်းနိုးနိုးချင်း မျက်စ်ိနှစ်လုံးဖွင့်တာနှင့် အိပ်ယာမှချက်ချင်း မထသေးပဲ မျက်နှာကျက်ကို ငြိမ်ငြိမ်လေးစိုက်ကြည့်တတ်တာက အကျင့်တစ်ခုလိုဖြစ်နေသည် ။ နေ့ တစ်နေ့အစပြုလာသည့်အချိန်တိုင်း ဒီနေ့အတွက် အလွမ်းဒဏ်ကိုဘယ်လိုဖြတ်ကျော်ရမလဲဆိုတာသာ ဦးနှောက်ကို အပြေးအလွှားစဉ်းစားခိုင်းရသည် ။ ဒီနေ့ နဲ့ဆို သိမ့် ထွက်ပြေးလာတာ တစ်ပတ်တိတိပြည့်တဲ့နေ့ပင်ဖြစ်၏ မှားသွားပြီလား ဟုအကြိမ်ကြိမ်ဆန်းစစ်မိသော်လည်း "အငယ့်၏ဖျော့တော့နေသော ပုံရိပ်လေးကိုမြင်ယောင်လာတော့ မမှားပါဘူးဟု ကိုယ့်ကိုယ့်ကိုအကြိမ်ကြိမ်သတိပေးရသည် ။

"ဒါဖြင့် အငယ်သာ သိမ့်ကိုစိတ်နာပြီး ရန်ကုန်ကိုပြန်သွားလျှင်ကော ! ဟင့်အင်း ၊မဟုတ်ဘူး ၊အငယ်က ဒီလိုလုပ်မှာမဟုတ်ဘူး ။"

မနက်စာကို ကော်ဖီတစ်ခွက်နှင့်သာပြီးတတ်သောသိမ့်ဟာ အခုလည်း ကော်ဖီဖျော်နေရင်းမှပင် အတွေးလွန်နေတော့သည် ။ဒီလိုအတွေးမျိုးဟာ ဒီနေ့မှတွေးမိတာလားဆိုတော့မဟုတ် ၊ သိမ့် ထွက်ပြေးလာကတည်းက အနှောင့်ယှက်ပေးနေသော အတွေးကယက်တွေပါလေ ။

ဒီနေ့ ကော်ဖီဟာ အရင်နေ့တွေကထက်နည်းနည်းခါးသက်သက်နိုင်လှသည် ။ ငယ်ငယ်ကတည်းက အခါးဆိုလုံးဝမကြိုက်သည့် သိမ့် အဖို့ဒီကော်ဖီကိုလည်းဆက်သောက်နိုင်စွမ်းမရှိတော့ပါ ။

နေ့တစ်နေ့ စပြန်ပြီ အငယ်ရယ် ။ဒီနေ့နဲ့ဆို တို့ထွက်ပြေးလာတာ ခုနစ်ရက်တိတိပြည့်တဲ့နေ့ ၊မင်း မျက်ရည်ကျနေ‌လောက်ဘူးမလား ဟင် ။

ပြတင်းပေါက်ကို ခပ်တွေတွေလေးကြည့်ကာ တိတ်တဆိတ်မျက်ရည်ကျနေသည့် သိမ့်ဟာ   သူမရဲ့အငယ်ကို သိပ်လွမ်းနေရှာတယ်ထင်ပါ့။

_____

"သိမ့် ! အရေးကြီးသုတ်ပြာနဲ့ဘယ်လဲ ။ပြန်တော့မလို့လား ။"

မိုးပွင့်တစ်ယောက် အခန်းထဲမှ ကမူးကရှိုးပြေးထွက်လာသည့် သူငယ်ချင်းဖြစ်သူကိုကြည့်ရင်း အလန့်တစ်ကြားမေးမိလိုက်သည် ။

"ဟုတ်တယ် မိုးပွင့် ။ ငါ ~ငါပြန်တော့မယ် ။ "

"နေအုံး ။ ဗြုန်းစားကြီးဘယ်လိုဖြစ်တာလဲ ။အရင်ရက်တွေက ပြန်ပို့ပါမယ်ပြောတာတောင် စိတ်ဆိုးတဲ့သူကများ ။*

အချစ်ရှိရာ အညာမြေWhere stories live. Discover now