part 1

10.3K 286 5
                                    

"ရား ရှိတာမှလေးယောက်ထဲပါဆို နင်ကဆိုင်ကယ်ကြီးနဲ့ဆိုတော့ ငါတို့သုံးယောက်ထဲအဖွဲ့နည်းသွားမှာပေါ့။ပြီးတော့ လမ်းလည်းသိတာ မဟုတ်ဘဲနဲ့ သွေးရာ ၊ ငါစိတ်မချပါဘူး။ အတူတူကားနဲ့ဘဲလိုက်ခဲ့စမ်းပါ ။"

ခပ်စွာစွာထွက်ပေါ်လာသော အသံစူးစူးကြောင့် ခွန်းစစ်လွန်းသွေး နားတွေပင်အူသွားမတက်ဖြစ်ရလေသည်။

" တိုးတိုးပြောစမ်းပါ ယွန်းစုခြယ်ရယ်။ နင်တောသူမှန်းငါတို့အကုန်သိတယ် ။ အဲ့လောက်အကျယ်ကြီးအော်ပြောမနေနဲ့။"

တစ်ဖန်ယောကျာ်းလေးတန်မဲ့ ပြန်စွာနေသည့် မောင့် ကြောင့်သွေးပြောစရာပင်မလိုတော့ပေ။ သွေးက အနေတည်ပြီး သွေးအေးသည့်အထဲမှာပါသည်။ ငယ်ငယ်ကတည်းက တစ်ဦးတည်းသောသမီးမို့ တစ်ယောက်တည်းနေတာများပြီး အပေါင်းအဖော်ဆိုတာ သွေးအတွက်အရမ်းကြီးအရေးမပါခဲ့ပေ။ဪ ရှားရှားပါးပါး ဒီသုံးယောက်လေးကတော့ခြွင်းချက်‌ပေါ့နော်။
ဒါလေးတွေကတော့အဖိုးတန်‌သူငယ်ချင်းလေးတွေပါလေ ။ အထက်တန်းလောက်ကတည်းက တွေ့ခဲကြပြီး ကျောင်းပြီးလို့ဘွဲ့တွေရသည်အထိ ပေါင်းဖြစ်ခဲ့ကြတာမို့ ဒီသုံးယောက်ကတော့ သွေးအတွက် တကယ်ခင်မင်ရသောသူငယ်ချင်းတွေပင်ဖြစ်သည်။

‌တွေးနေရင်းမှာပင် နားထဲသို့တစ်ဖန်စူးဝင်လာသော အသံကြားမှလက်ရှိပစ္စုပန်ကိုသတိရတော့သည်။

"ဟွန်း ဘာတောသူတုန်း။ နားထောင်ကောင်းအောင် အညာသူလို့ခေါ်ရတယ်ဟဲ့။ ငါတို့ရွာရောက်မှ အညာသူချောချောလှလှလေးတွေကို အသေငမ်းရင်တော့ နင်သေမယ်နော် မောင့် ။ပြီး ပြန်ခါကျမှ ကျွန်တော်မျိုး မန်းကျည်းပင်ကိုဘဲတောက်တဲ့လိုကပ်နေရစ်ပါ့မယ် ဆိုပြီး အော်ရင် ပါးချမယ်။"

ဒီတစ်ခါမှာတော့ ယွန်း၏စကားကြောင့် ခေတ်‌ရောသွေးပါရယ်မိလိုက်သလို မောင်တစ်ယောက်ကလည်း မျက်နှာကြီးရှုံ့မဲ့သွားလေသည်။

"ယွန်း ။ နင်တို့အညာက ဘယ်လိုမျိုးလဲဟင်။ ငါက ရန်ကုန်သူစစ်စစ်ဆိုတော့ အဲ့ဘက်အကြောင်းတွေသိပ်မသိဘူးရယ်။"

တကယ်ကြီး သိချင်နေပုံရသည့် ရန်ကုန်သူမမ လွင်ဖူးခေတ်၏အမေး ။ခေတ်အပြင် သွေးကော မောင်ကောပါ မြို့ကြီးသူ မြို့ကြီးသားစစ်စစ်ဖြစ်လို့ အညာဒေသကိုရောက်လည်းမရောက်ဖူးသလို မြင်လည်းမမြင်ဖူးချေ။

အချစ်ရှိရာ အညာမြေWhere stories live. Discover now