part 32

2.8K 219 11
                                    

အချိန်တွေဟာ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလာသည်နှင့်အမျှ အငယ့်၏ ခန္ဓာကိုယ်မှာလဲ ဒဏ်ရာဒဏ်ချက်တွေချည်းသာ ထင်ကျန်‌ခဲ့တော့သည်။ ‌သူယာထဲသို့စဆင်းသည့် ခြောက်ရက်ခုနှစ်ရက်အတွင်းမှာပင် အငယ်တစ်ယောက်ဟာ သိသိသာသာပင်ပိန်ကျသွားလေသည် ။ သိမ့်မှာ သူခံတွင်းတွေ့စေလောက်မည့် ဟင်းတွေချက်ကျွေးသော်လည်း အငယ် ဟာကောင်းကောင်းမစားပါ ၊ အင်းပေါ့လေ မြို့ပေါ်မှာရွှေဇွန်းကိုက်ပြီး မွေးလာတဲ့သိမ့်ရဲ့အငယ်ဟာ ဒီလိုအညတရဟင်းတွေကို ဘယ်စားနိုင်ပါ့မလဲလေ ။အငယ့် ကိုကြည့်ကာ မျက်ရည်ခိုးကျရပေါင်းလည်းများပြီ၊ အငယ် ပို၍ကြိုးစားပြလေ သိမ့် ရင်ကွဲရလေဖြစ်၏ သူဟာ ကိုယ့်အပေါ်ကို အဲ့သလောက်တောင်ချစ်သတဲ့လား ဟုအတွေးစိတ်ဖြစ်ပေါ်သည်အထိ နွေးထွေးကြင်နာမှုကိုပေးစွမ်းခဲ့သည် ။

သူမနှင့်အငယ် ရွာထဲသို့အတူတွဲလျှောက်သွားလျှင် အကြည့်ခံသည့်အကြည့်တွေကို သိမ့် မခံဝံ့သလောက် အငယ်ကတော့ဂရုပင်မစိုက်ခဲ့ပါ ။ မ မျက်နှာကိုပဲ ကြည့်နေမှာမို့လို့ မကလည်း အငယ့်ကိုပဲကြည့်နေပေးပါ တဲ့လေ ...။

--

"ပြန်တော့ အငယ် ၊မင်းရန်ကုန်ကိုပြန်တော့ ။"

"ဘာလုပ်တာလဲ ။ ပြန်တော့လို့ပြောနေတယ်လေ အငယ်ရဲ့ ။ တို့ပြောနေတာ မကြားဘူးလား ။"

သူမ၏စကားအား အရေးမလုပ်ပဲ လယ်ခမောက်အား ယူကာ တောသွားရန်ပြင်နေသည့် အငယ့် ကိုကြည့်ကာ ဘယ်လိုမှတင်းမခံနိုင်တော့ ၊ တော်ပြီပေါ့ အငယ်ရယ် ၊ ဒီလောက်ဆို တော်ရောပေါ့ ၊ တို့အတွက်နဲ့ ဒီလိုအပင်ပန်းခံနေတာ ဒီလောက်နဲ့တော်ပါတော့ ။

"အဝတ်တွေသိမ်းတော့ အငယ် ။ ပြီးရင် လှမ်းခေါ်လိုက် ။ ကားဂိတ်ထိလိုက်ပို့ပေးမယ် ။"

"ဟင့်အင်း !မပြန်ဘူးလို့ ၊"

လက်ကောက်ဝတ်ကို ဖြတ်ကနဲဆွဲကိုင်လာသည့် အငယ့်၏လက်ကလေး ၊ ထိတွေ့လာမှုဟာ အရင်လို နှုးညံ့မှုမရှိတော့သည်ကိုသတိထားမိလိုက်သည် ။အငယ့်လက်ကလေးဟာ အရင်လိုပျော့ပြောင်းမနေတော့ ၊

သိမ့် ထူပူစွာဖြင့် အငယ့်၏လက်လေးနှစ်ဖက်အား ဆွဲယူကာ ဖြန့်ကြည့်မိသည် ။ အို ပေါက်ပြဲရာတွေ ၊ထင်ထားတာထက်ပင်များနေပါရောလား ၊ အရှရာတွေ ဗလဗွနှင့် အငယ့်၏လက်ကလေးဟာ မသိမသာတုန်ယင်နေသည် ။ လှိုက်ကနဲ ထိုးတက်လာသည့် နာကျင်မှုတွေ‌ကို သိမ့် ဒီတစ်ခါမှာတော့ခံနိုင်ရည်မရှိတော့ပါ ။

အချစ်ရှိရာ အညာမြေWhere stories live. Discover now