part 14

2.3K 211 3
                                    


BB ဟုခေါင်းစဉ်အမည်ရသော cafeဆိုင်တစ်ခုတွင် သွေး ထိုင်စောင့်နေသည်မှာ မိနစ်ပိုင်းလောက်ပင်ရှိနေလေပြီ ။ အတိအကျ ပြောရမယ်ဆို ဆယ့်ငါးမိနစ် ။ ဆရာကြီးကို အားနာလို့သာ သွေး ဒီလောက်ထိ သည်းခံနေတာပင် ။ မဟုတ်လျှင် ချက်ချင်းထပြန်‌လိုက်တော့မည် ။သွေး အနေဖြင့် ပထမဦးဆုံး အလုပ်လုပ်ရမည့် အခွင့်အရေးဖြစ်သော်လည်း တစ်ဖက်မှလူကမှ အချိန်မလေးစားတာကြီးကိုလည်းမကြိုက်လှပါ ။

ထိုစဉ်မှာပင် ဆိုင်ထဲသို့ စတိုင်ကျကျလျှောက်လှမ်းလာသည့် မိန်းကလေးကြောင့် ‌အကြည့်ရောက်သွား‌မိသည်။ ဆံပင်တွေကို ခပ်တွန့်တွန့်လိပ်ခွေထားပြီး မိတ်ကပ်ခပ်ပါးပါးနှင့် ပန်းနုရောင်သန်းနေသည့် နှုတ်ခမ်းပါး တစ်စုံ ။ ထို့နောက် ရှည်လျားပြီးကော့ညွှတ်နေသည့် မျက်တောင်တွေနှင့်အညိုရောင်သန်းပြီး ဝိုင်းစက်နေသော မျက်လုံးမျက်ခုံး ။အရာအားလုံးကို ခြုံငုံ့ကာ ကြည့်လိုက်တော့ ထိုမိန်းကလေးသည် အတော်လေးကြည့်ကောင်းသည်ဟုဆိုရမည် ။

"နောက်ကျတယ် ။"

အလိုမကျမှုတွေဖြင့် သွေး ၏ စကားကိုကြားတော့ ထိုမိန်းကလေးဟာ မျက်ခုံးတစ်ချက်ပင့်တင်ရင်း ခပ်တည်တည်ဝင်ထိုင်လေသည် ။

"ဆောရီး ။ ငါ့အမျိုးသမီးကြောင့် မဆိုသလောက်လေးနောက်ကျသွားတယ်။
ဆိုတော့ အလုပ်ကိစ္စကြောင်း ပြောကြမလား ။"

ဒီတစ်ခါမှာတော့ သွေး မျက်ခုံးပင့်လိုက်မိသည်။ဘာတဲ့ ၊ငါ့အမျိုးသမီး ကြောင့်တဲ့လေ ။ဆိုတော့ ဒီမိန်းကလေးကLesbainလား ။

"အင်း ။ အရင်ဆုံး ‌ခြံအနေအထားကိုတစ်ချက် ကြည့်ချင်တယ် ။ရမလား ။

သွေး၏ စကားကြောင့် ထိုမိန်းကလေးဟာ ချက်ချင်းခေါင်းငြိမ့်ပြ၍ ဖုန်းထုတ်လေသည်။

"ရတာပေါ့ ။ ဒီမှာ ...။

ပြလာသည့် ခြံ၏ပုံစံအနေအထားကိုတစ်ချက်ကြည့်ကာ

"ဘယ်လိုပုံစံမျိုးဆောက်ချင်တာလဲ ။"

"ဂပုံဏ္ဍန်လေး ဆောက်ချင်တယ် ။လုံးလုံးလေးနဲ့ ခုံးခုံးလေးလေ ၊ အဟင်း ၊ အရမ်းမကျယ်လည်း ရတယ် ၊ငါနဲ့ငါ့အမျိုးသမီးဘဲ နေမှာမို့လို့ ။"

အချစ်ရှိရာ အညာမြေWhere stories live. Discover now