part 28

2.2K 205 10
                                    

"တို့မေးနေတာ ဖြေလေ အငယ် ။ ဒါတွေအကုန်လုံး မင်းသောက်ထားတာတွေလားလို့ ။"

မ ၏ အသံဟာ တစ်စတစ်စနှင့်တင်းမာလာသည်မို့ နေရထိုင်ရခက်လာသည် ။ နှုတ်ခမ်းဖျားကို လျှာဖြင့်သပ်၍သော်လည်းကောင်း ၊ လက်ဖဝါးနှစ်ဖက်ကို ပွတ်သပ်၍‌‌ေသာ်လည်းကောင်း ကြောက်ရွံ့နေမိသည် ။ ကွပ့်ပျစ်အောက်တွင် ပြန့်ကျဲနေသော စီးကရက်အတိုအပိုင်းအစတွေဟာ နည်းနည်းနှောနှောပင်မဟုတ်ချေတော့ အခက်သား ။

"အဟမ်း လွန်း တစ်ယောက်တည်းသောက်တာမဟုတ်ပါဘူး ။ကျွန်မလည်း ပါတယ် ။"

သဏ္ဌန်က သူ့ပုံစံအတိုင်း ပြဿနာကြားထဲသို့ ဝင်လာပြန်သည် ။ အနားမှာသာ တီတီ သာရှိနေလျှင် သူဒီလိုဝင်ပါရဲမှာမဟုတ်ဘူးဆိုတာ သိနေသည်မို့ သက်ပြင်းတစ်ချက်သာ ရှိုက်လိုက်မိသည်။

"အငယ့် နှုတ်ဖျားက ထွက်လာတဲ့အဖြေကိုပဲ တို့စိတ်ဝင်စားတယ် ။ တို့ မေးနေတာ‌ဖြေလေ အငယ်ရဲ့ ။"

"ဒီမှာ ကျွန်မ အဖြေနဲ့သူ့အဖြေနဲ့က အတူတူပဲ ။ကျေးဇူးပြုပြီး ကျွန်မ သူငယ်ချင်းကိုနေရခက်အောင် မလုပ်ပါနဲ့ ။"

"သဏ္ဌန် ။ငါ့ကိစ္စငါ့ဘာသာဖြေရှင်းနိုင်ပါတယ် ။ ငါ့ကိုတကယ် ကူညီချင်တယ်ဆိုရင် ခနလောက်ရှောင်ပေးပါ ။ ငါ မ နဲ့အေးဆေးပြောချင်လို့ ။"

ရုတ်ချည်းတင်းမာလာတော့မည့်အအခြေအနေတစ်ခုတွင်တော့ သူကြားဝင်မှရတော့မည် ။ တစ်ရှုးရှုးတစ်ရှုဲရှုဲနှင့်စိတ်ဆိုးမာန်ဆိုး ထွက်သွားသည့်သဏ္ဌန့်ကိုလည်း အပြစ်မတင်ရက်ပါ ၊သူဟာ ကိုယ့်ကိုကူညီချင်သူမဟုတ်လား ။

"ကဲ ဖြေတော့ ။ !

"ဟုတ်တယ် မ ။ ဒီစီးကရက်အပိုင်းအစတွေအကုန်လုံးက အ~ အငယ် သောက်ထားတာတွေချည်းပဲ ။"

ခေါင်းကိုငုံ့၍ မဝံ့မရဲဖြေလိုက်သည့် စကားအဆုံးတွင် မ ဆီက မချင့်မရဲရေရွတ်သံကိုကြားလိုက်ရသည် ။ "ဆိုးလိုက်တာ အငယ်ရယ်"တဲ့လေ ။
တကယ်တော့ အငယ်ဆိုးတာ မဟုတ်ရပါဘူး မရယ် ။ ချစ်လွန်းလို့  ခနလေးပဲဖြစ်ဖြစ် ၊ တစ်စက္ကန့်လေးပဲဖြစ်ဖြစ် မခွဲချင်တော့ယုံပါ ။

အချစ်ရှိရာ အညာမြေWhere stories live. Discover now