part 13

2.2K 228 6
                                    

ရွှေဘိုမြို့ ပြည်သူ့ဆေးရုံကြီးတွင် ....။

"ဘယ်နေရာက နာတာလဲ ။‌ဒေါ်လေး ။အောင့်တာရော ဘယ်နှစ်ရက်ရှိပြီလဲ ။"

"ဒီညာဘက်အောက်နားလေးပါ ဆရာဝန်မလေးရယ် ။ သုံးရက်လောက်တော့ ရှိပြီ ။"

"အရမ်းနာနေလားဟင် ။"

စမ်းသပ်ကုတင်ပေါ်တွင် မိန်းနေသည့် အသက်အလတ်ပိုင်အရွယ် မိန်းမကြီးတစ်ဦးအား စမ်းသပ်ပေးနေရသည် ။ ဗိုက်‌ေအာင့်တာဖြစ်သည့် အတွက်ကြောင့် အောင့်‌သည့်နေရာရယ်နှင့် ရောဂါလက္ခဏာတွေအား အသေးစိတ်‌မေးမြန်းနေသည့် ဆရာဝန်မလေးသည် သိပ်ကိုပြီးပြည့်စုံလွန်းနေအောင် လှနေပါသည်။

"နာတော့ နာတယ် ဆရာဝန်မလေး ။ ဒါပေမယ့် အရမ်းကြီး မခံနိုင်လောက်အောင် နာနေတာမျိုးလဲ မဟုတ်ဘူးကွယ် ၊တစ်ချက်တစ်ချက်မှ ထထအောင့်တာ ။"

"ဒါဆို အူအတက်ရောင်တာ သေချာနေပြီဘဲ ။ တစ်ခါတည်း အရှင်းပျောက်အောင် ခွဲလိုက်ချင်လားရှင့် ။ "

လူနာက ခေါင့်ငြိမ့်တာနှင့် သိမ့် နောက်မှာရှိတဲ့nurses‌ေလး‌ေတွအား လိုအပ်တဲ့ ပိုသတ်ဆေးတွေ ချိတ်ပေးထားရန် ညွှန်ကြားနေမိသည် ။ အသံချိုချိုလေးဖြင့် တစ်ရတ်ဆက် ပြောနေသော ဆရာဝန်မလေးမှာ မြင်သူတိုင်းငေးရစေလောက်သည် ။ ပါတိတ် အစိမ်းရောင်‌ဝမ်းဆက်လေးပေါ်သို့ ဂျူတီကုတ်အဖြူရောင်လေးထပ်ဝတ်ထားပြီး ဆံပင်တွေကို ခပ်မြောက်‌ေမြာက်စုစည်းထားပုံ‌မှာ မရိုးနိုင်သော ပန်းချီကားတစ်ချက်နှယ် ။ ဒါ့အပြင် သူမ၏ဘယ်ဘက်ပါးပြင်ပေါ်က မှည့်နက်ကလေးပါ ထင်းလင်းနေတော့ တစ်မျိုးလေး ဆွဲဆောင်မှုရှိနေပြန်ပါသည်။

သိမ့် လူနာတွေအားRoungလှည့်အပြီး နားနေခန်းထဲသို့ လျှောက်လာခဲ့လိုက်သည် ။ သိမ့်ဟာ ရွှေဘိုမြို့ ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေသည်မှာသုံးနှစ်ကျော်လောက်ပင်ရှိရော့မည်။ အစက မကွေးတိုင်းဒေသကြီးထဲက မြို့တစ်မြို့မှာ တာဝန်ကျပေမယ့်လို့ သိမ့် မရရအောင် ကိုယ့်မြေကိုယ့်မြို့မှာသာမကျကျအောင် မနည်းကြိုးစားခဲ့ရသေးသည်လေ။

"သိမ့် တို့များနော် ၊ ခွင့်ရက်မယူတော့လည်း မယူလို့ ၊ဟော ယူသွားတော့လည်း အကြာကြီးဘဲဟယ်။ဘာများဖြစ်လို့တုန်း ။"

အချစ်ရှိရာ အညာမြေWhere stories live. Discover now