part 10

2.5K 233 5
                                    

ရန်ကုန်မြို့ ...

At 4:00PM

လေဆိပ်တွင် သူမ၏luggageအိတ်အား ဆွဲကာ စူပုပ်ပုပ်နှင့် ထွက်လာသော မိန်းကလေးတစ်ယောက် ၊ ပေါ့ပေါ့ပါးပါး တီရှပ်ခါးတိုလေးအား ဂျင်းစကပ်အတိုနှင့်တွဲဖက်ဝတ်ဆင်ထားသော မိန်းကလေးသည် တစ်မျိုးလေးနှင့်ချစ်စရာကောင်းပေမယ့်လို့ အခုချိန်နဲ့ကတော့ ဆန့်ကျင်ဘက်ပင် ၊ တစ်ခုခုကို အလိုမကျသည့် ဟန်ဖြင့် ဖုန်းကို ထုတ်လိုက်ပြီး မဆက်သွယ်တာကြာပြီဖြစ်တဲ့ 𝑳𝒐𝒐𝒏 ဆိုတဲ့contact nameနှင့်နံပါတ်ကို ချက်ချင်းနှိပ်၍ခေါ်လိုက်သည်။

" ငါ့ကိုတောင်လာမကြိုနိုင်ရအောင် နင်ဘယ်သွားသေနေတာလဲ ။ဟမ် ။ငါ ဒီနေ့ ပြန်လာမယ်လို့ ပြောထားတယ်လေ။ငါ တစ်ကယ်တင်းနေတာနော် ၊မွေးရက်မြေလေး ပြန်လာပါတယ် ၊ လာကြိုမယ့်သူကို တစ်ယောက်မှ မရှိဘူး။"

ဖြတ်သွားဖြတ်လာ လူတွေ၏ ကွက်ကြည့်ကွက်ကြည့်ခံနေရတာကိုလည်း မမှုနိုင်ဘဲ ဒေါသက ငယ်ထိပ်ပေါ်သို့စုပြုံနေလေပြီ ။ တစ်ဖက်မှ ပြန်ဖြေလာသည့် တုံးတိတိစကားကြောင့် စိတ်ဆတ်လွန်းသည့် သူမ ပို၍ဆွေ့ဆွေ့ခုန်နေလေပြီ။

"ရားး !လွန်းသွေးငယ် ...$အသည်းပေါက်လိုက်တာဟာ ၊အခုချိန်မှာ နင့်ကို တစ်စစီဆွဲဖြဲချင်နေတာနော် ၊ခုချက်ချင်း လာကြို ၊ နင်မလာမချင်းဒီမှာ ထိုင်စောင့်နေမယ် ။

"........"

တစ်ဖန်ပြန်၍ပြောလာသည့် စကားကိုကြားချိန်မှာတော့ မုဒွိ မေ့လည်းမလိုတောင်ဖြစ်သွားရသည်။ ဒင်းဟာလေ၊ သူ့သူငယ်ချင်း၏မွေးရက်ဇာတိမှာ အလည်ရောက်နေလို့ လာမကြိုအားဘူး တဲ့လေ ။သေလိုက်ပါတော့ မုဒွိသဏ္ဍန်ရယ် ။သေလိုက်ပါတော့ ....။ မုဒွိ ငါးတန်းလောက်ကတည်းက တစ်မိသားစုလုံး နိုင်ငံခြားကိုပြောင်းရွှေ့နေထိုင်ခဲ့တာဖြစ်လို့ ဒီမှာကျန်ခဲ့သည့်အသိဆိုလို့ ဒင်းတစ်ယောက်သာ ရှိ၏ အခုဒီကောင်မက ရန်ကုန်မှာ မရှိဘူးဆိုတော့ မုဒွိဘာဆက်လုပ်ရပါ့ ၊

သူမအတွေးများရင် စိတ်မပါစွာ လျှောက်နေရာမှ ခပ်ပြင်းပြင်းအထိအတွေ့က ပုခုံးပေါ်သို့ ဖျင်းကျရောက်လာသည် ။

အချစ်ရှိရာ အညာမြေWhere stories live. Discover now