part 11

2.1K 216 11
                                    

"ပြေပါတယ် ကို ၊ဘာမှစိတ်မပူနဲ့ ။"

".......!

"အင်း နှိုင်းလည်း သတိရပါတယ် ။"

ခြံရှေ့က အုန်းပင်နားတွင် နှိုင်းတစ်ယောက် နိုင်ငံခြားမှာကျန်နေခဲ့သည့် ချစ်သူနှင့်အလွမ်းသယ်နေကြခြင်းဖြစ်သည်။

"........!

"အိုး ကလေးကလားတွေ မဖြေချင်တော့ပါဘူးနော် ။"

မုဒွိ ခြံထဲတွင် ပန်းပင်တွေအား ရေလောင်းနေရင်းမှ ဟိုးထောင့်နားလေးက အိညောင့်အိညောင့်ဖြင့်ဖုန်းပြောနေသည့် အမျိုးသမီးဆီသို့အကြည့်သွားလေသည် ။ ခေါင်းကိုငုံ့ထားကာ ရှက်ရိပ်သန်းနေသည့် ပုံစံအား မျက်စိထောင့်မှ ခိုးကြည့်ရင်း ဘာတွေပြောနေလဲ ဆိုတာကြားရလေအောင် အနားသို့ အနည်းငယ်တိုးကပ်လိုက်မိသည်။

"ဟွန်း အသံကဒီလောက်တောင် ချွဲပျစ်နေမှတော့ ရည်းစားနဲ့အီနေတာနေမှာပေါ့ ။"

တမင်မျက်နှာကို မဲ့ပစ်လိုက်ရင်း စိတ်ထဲကြိတ်ပြောမိလိုက်သည် ၊ အိမ်နေရင်းပေမို့လား မသိ ၊ ပေါ့ပေါ့ပါးပါး တီရှပ်နှင့်ဘောင်းဘီအတိုကိုသာဝတ်ဆင်ထားသော ဒီအမျိုးသမီး၏ အသားအရေသည် ဝင်းဖန့်နေလေသည် ၊ ဒါ့အပြင် ကြည့်ကောင်းလွန်းသော ရုပ်ရည်ရှုပကာအသွင်အပြင်တို့သည် တစ်ခုမှအပြစ်ပြောရက်စရာပင် မရှိပေမယ့်လို့ မုဒွိ ကြည့်မရဘဲ အမြင်ကပ်မိပါသည် ။

"မင်းဘယ်လိုလုပ်လိုက်တာလဲ ကလေးမ ။ ဒီမှာရက်နေတဲ့ လူတစ်ယောက်လုံးကိုတောင် မမြင်ဘူးလား ။"

မလှမ်းမကမ်းက လှမ်းအော်လိုက်တာကြောင့် မုဒွိ ကိုယ်လေးပါ ဆတ်ကနဲတုန်သွားရလေသည် ။ စိတ်ထဲက မေတ္တာလှမ်း‌ပို့နေရင်း လက်ထဲကပိုက်ဟာ ဘယ်လိုလုပ် ထိုအမျိုးသမီးဆီသို့ ရောက်သွားသည်မသိပါ ၊ မုဒွိလှမ်းကြည့်လိုက်တော့ ထိုအမျိုးသမီး၏အကျီတွေပေါ်မှာ ရေတွေဟာ အရွဲသားနှင့် ။

"ဆောရီး ၊ ကျွန်မ လက်ချော်သွားလို့ ။"

ဒါ မုဒွိတမင်လုပ်တာမဟုတ်လို့ လေသံအေးအေးနှင့်ပြောမိသော်လည်း ဒေါသအရှိန်ကြောင့် မျက်နှာတွေနီမြန်းနေသည့် အမျိုးသမီးသည် စူးစူးရဲရဲအကြည့်တွေဖြင့် မုဒွိဆီသို့တစ်လှမ်းချင်းလျှောက်လာနေသည် ။

အချစ်ရှိရာ အညာမြေWhere stories live. Discover now