part 8

2.3K 221 15
                                    

"ဟယ် ဒါ ကိုလတ်သားလေးပေါ့ ၊ ကြည့်ပါအုံး သနပ်ခါးတွေဖွေးလို့ ချစ်စရာလေး ။"

အိမ်ထဲသို့ ရောက်ရောက်ခြင်းပင် သနပ်ခါးတွေဖွေးနေသည့် ကောင်ကလေးအား အသည်းယားစွာဖြင့် ယွန်း ချီလိုက်မိသည်။ ချီထားတာကိုပင် ငြိမ်နေသောကလေးကြောင့် ဒီကလေး စိမ်းပြီးမငိုတာကိုပင်ကျေးဇူးတင်ရမည်။

"ဟုတ်ပါ့ဗျာ ချစ်စရာလေးဆို ကိုလတ်ကိုတူတာကိုး ။"

"ခစ်ခစ် မဟုတ်တာတွေ ကိုလတ်ရာ ၊ ဒါမမ ဆန်းနုနဲ့တူလို့ ချော‌တာနေမှာ "

ယွန်း၏ အပြောကို သွေး မသိမသာထောက်ခံမိသည်။ ယွန်း၏ဝမ်းကွဲအကိုဖြစ်သည့် ထိုလူသည် အသားမည်းမည်း အရပ်မြင့်မြင့်နှင့် နှုတ်ခမ်း‌ေမွှးတွေပါပေါက်နေသေးသည် ။ ထိုချစ်စရာကလေးသည် ကုတင်ပေါ်တွင် ထိုင်နေသည့် ကလေးအမေနှင့်အားလုံးနီးပါးသွားတူနေသည်ကိုတွေ့ရသည်။ သို့သော် ဝိုင်းစက်နေသော မျက်လုံးလေးတွေကတော့ သားဖြစ်သူကတောင်ပိုလှနေသေး၏

"ဧည့်သည်တွေပါ ပါလာ‌တာဘဲဟ ၊ မိန်းမရေ သွားသွား ရေနွေးကြမ်းလေးနဲ့ လက်ဖက်ကလေးလုပ်ပါအုံးဟ ၊ "

"ထိုင်ကြကွာ ညီတို့ညီမတို့ ၊ မိယွန်းရဲ့ သူငယ်ချင်းတွေဆိုတာလား ၊

သွေးတို့ကို ကြည့်၍မေးလာသော်လည်း ခပ်သွက်သွက်လေးပြန်ဖြေလိုက်သူက ယွန်းပင်။

"ဟုတ်တယ် ကိုလတ်ရ ဘယ်လိုလဲ ယွန်းရဲ့သူငယ်ချင်းတွေချောရဲ့လား ။"

"ချောပါ့ဗျာ ချော‌ပါ့ ။ ညည်းနဲ့များကွာပါ့ ။

"ဟာ ကိုလတ်နော် ၊ဟွန်း အဲ့ဒါကြောင့် ကိုလတ်ကိုမချစ်တာသိရဲ့လား "

"ဟားဟား "

ယွန်း၏အပြောကို ထိုလူဟာ သဘောကျဟန်ဖြင့်တစ်ဟားဟားအော်ရယ်‌လေသည် ။
တစ်ဆက်တည်းမှာပင် ဖြူဖြူတုတ်တုတ်ကလေးလေးအား ပွေ့ကာ လာထိုင်သည့် အမျိုးသမီးလေးကြောင့် သွေး ကြည့်မိလိုက်သည် ။

"ကလေးလေးက ချစ်စရာလေး နာမည်က ဘယ်လိုခေါ်လဲ ။"

နှုတ်သွက်လှသည့် ခေတ်၏အမေးကြောင့် သွေး မျက်မှောင်ကျုံ့လိုက်မိသည် ။ တကယ်ပါဘဲ ၊ဒီမေးခွန်းက အလယ်မှာထိုင်နေသည့် သူကမေးရမှာမလား ၊အခုတော့ဖြင့်ကြည့်အုံး ၊ ဟိုဘက်အဆုံးကအနေ မေးလာသည့်အမေး ၊ကြားထဲက သွေးက ယောင်လည်လည်လေးဖြစ်နေရသည်။

အချစ်ရှိရာ အညာမြေWhere stories live. Discover now