အခန်း (၉၅)

Start from the beginning
                                    

စုန်လင်ဖုန်းသည် လက်သီးအား ကျစ်ကျစ်ပါ​အောင် ဆုပ်ထားပြီး မကြာမီမှာပဲ နားလည်သွားခဲ့သည် 'ထန်ဝူရွမ်းက တကယ့်ကို တစ်ခုခုပဲ။ သူက တကယ့်ပဲ ဒီလိုလှုပ်ရှားမှုမျိုးနဲ့ စတင်ခဲ့တာပဲ။ ​ကောက်မန်ကျင်းဆိုတာ သူ့အကိုကြီးလေ။ နှလုံးသားမဲ့လွန်းလိုက်တာ။ သူက သူ့အကိုကြီးကို တွက်ချက်ဖို့​တောင် ကြိုးစား​ခဲ့တယ်တဲ့'

"ဒါက ငါ့မိုက်မဲမှု​ကြောင့်ပါ။ တစ်​စုံတစ်ယောက်ရဲ့ အလှည့်စားခံလိုက်ရတာ ဖြစ်နိုင်တယ်" စုန်ချီမင်က ​ပြောလာသည်။

"ဒီလိုအ​ခြေအ​နေမျိုးမှာဆို ငါတို့​တွေ စုန်ယွမ်​ဒေါသကို ​​ဖြေသိမ့်နိုင်စေမယ့် နည်းလမ်းတစ်ခု​တော့ ရှာရလိမ့်မယ်"

စုန်လင်ဖုန်းက မျက်​မှောင်ကြုတ်ကာ "ဝမ်းကွဲ ငါတို့ပင်မအိမ်​တော်ကြီးရဲ့ဖုန်း​စွေမှာ တစ်ခုခုမှားယွင်း​နေတာများ ဖြစ်နိုင်​လောက်လား။ အခုတ​လော ငါ့အတွက် အရာရာတိုင်းက အဆင်မ​ချောသလိုမျိုး ဘာလို့ခံစား​နေရတာလဲ"

ပြီးခဲ့​သည့် ရက်အနည်းငယ်က သူနှင့်ပတ်သတ်တဲ့ အပျက်သ​ဘောဆန်သည့် သတင်းများ အ​တော်လေး ပျံ့​နေ​လေသည်။ ​ပြောမရ​သော စည်းကမ်းကို အသုံးပြုကာ အမျိုးသမီး ကြယ်ပွင့်တစ်ချို့နှင့် အတူအိပ်စက်ခြင်း၊ သူ့ပြိုင်ဘက်များကို အပုပ်ချရန် အွန်လိုင်း​ရေတပ်များအား ငှားရမ်းခြင်း၊ အဆို​တော်တစ်​ယောက်အား ဆွံအသွား​အောင် အဆိပ်များ အသုံးပြုခြင်းကဲ့သို့​သော သတင်းများပင် ဖြစ်သည်။ ထိုသတင်းများကို ဖိနှိပ်ထား​သော်လည်း သူ့ပုံရိပ်က​တော့ အ​တော်​လေး ထိခိုက်​နေတုန်းပင် ဖြစ်သည်။ ပြီးတော့ ထိုအရာများကို ဖိနှိပ်ရန် သူ့အဆက်အသွယ်များအား အသုံးပြုခဲ့ရသည်။ ထိုအရာက သူ့အား အပျက်သ​ဘော​ဆောင်သည့် လွှမ်းမိုးမှုများကို ယူဆောင်လာခဲ့​ပေသည်။ သူ့ဟာလို့ ယူဆထားကြသည့် စီးပွား​ရေး​ကြော်ငြာတစ်ချို့ဆိုလဲ တစ်ခြားလူများဆီသို့ ​ပြောင်းလဲသွားခဲ့ကြသည်။

စုန်ချီမင်မျက်နှာသည် မည်း​မှောင်သွားသည်။ မကြာ​သေးမီက စုန်မိသားစုအတွက် အရာရာတိုင်းဟာ မ​ချော​မွေ့ခဲ့​ပေ။ လွန်ခဲ့သည့် တစ်နှစ်ခန့်ကလိုမျိုး စုန်ယွမ်ဟာ သူတို့အား ယခုကဲ့သို့ ပြဿနာရှာရဲမယ်ဆိုလျှင် ​တောက်ဆရာတစ်ဦးအား ငှားရမ်းကာ သူ့အား ချိပ်ပိတ်လိုက်မည် ဖြစ်သည်။ ဒါပေမဲ့ အခုက​တော့ အတွင်း​ရော အပြင်မှာပါ ပြဿနာများ ကြုံ​တွေ့​နေရ​တော့ စုန်မိသားစုဟာ ပြဿနာအသစ်များ ​ပေါ်​ပေါက်လာ​အောင် တကယ့်ကိုမလုပ်ရဲကြ​ပေ။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now