Hello Myanmar New Year!

211 5 0
                                    


မင်္ဂလာနှစ်သစ်ကူးလေးဖြစ်ပါစေလို့ စာဖတ်သူလေးတွေကို နှုတ်ခွန်းဆက်သလိုက်ပါတယ်။

ဒီစာရေးသူကလည်း ပျောက်ပျောက်သွားလို့ စိတ်ကုန်နေကြပြီလားတောင်မသိဘူးရယ်...။

အခုလတ်တလောမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေ မတည်မငြိမ်ဖြစ်နေလို့ ခဏလောက်ပြန်အနားယူနေရလို့ပါ။

နောက်တစ်ခုက ကိုယ်ရေးထားတဲ့ဇာတ်လမ်းကို ပြန်ဖတ်ကြည့်ပြီး လိုအပ်ချက်တစ်ပုံတစ်ပင်တွေ့နေရတာကော၊ ဆက်ရေးနေတာတွေကို စိတ်တိုင်းမကျနေတာကြောင့်ပါ အပိုင်းသစ်တွေမတင်ပေးနိုင်တာပါ။

ကိုယ်ရေးတဲ့ဇာတ်လမ်းက ဇာတ်အိမ်၊ ဇာတ်လမ်းကို ဦးစားပေးတာမျိုးမဟုတ်ဘဲ ဇာတ်ကောင်ကိုဦးစားပေးထားတာမျိုးဆိုတော့ ဇာတ်ကို ဘာမှအကွေ့အဝိုက်တွေ၊ အတက်အကျတွေထပ်မထည့်ချင်တာကြောင့်လည်းပါပါတယ်။

တကယ်တော့ ဒီဇာတ်လမ်းလေးက လူနှစ်ယောက်တွေ့ကြတယ်၊ ဆုံကြတယ်၊ ချစ်ကြိုက်တယ်၊ ကွဲတယ်၊ ပြန်ဆုံတယ်ဆိုတဲ့ သမာရိုးကျ ရိုးရိုးရှင်းရှင်းဇာတ်လမ်းလေးတစ်ခုပါပဲ။ အဲ့ဒါကိုမှ တင်ပြပုံနဲ့ အရေးအသားကို နည်းနည်းပါးပါး ထပ်ကွန့်ကြည့်ထားတာပါ။ ဒါကြောင့်မို့လည်း တစ်ကူးတစ်က အားထုတ်မိပါတယ်။ ( ပါရမီပါတယ်လို့လည်း မထင်ပါဘူး၊ ကိုယ့်စိတ်ပျော်ရာမို့ ရေးနေမိတာပါ 🥲 )

ငယ်ငယ်ကလုပ်ခဲ့မိပြီး အခုမလုပ်ချင်ဆုံးအရာတစ်ခုကိုပြပါဆိုရင် တစ်ခုခုကိုအစပြုပြီးရင် ပြီးဆုံးတဲ့အထိ လုပ်ဖို့ဇွဲမကောင်းခဲ့တာပါပဲ။ ဒါကြောင့်မို့ ပြီးအောင်တော့ရေးမှာပါ။

ကိုယ့်ပတ်ဝန်းကျင်ဆိုတာကလည်း စာအုပ်ဆိုမူးလို့တောင်မရှူချင်သူတွေချည်းဖြစ်နေတော့ ကိုယ့်မှာ ကိုယ်ရေးကိုယ်ဖတ်ဘဝကနေ အခုလိုတခြားသော ဖတ်သူတွေရှိလာတာကို စိတ်ကျေနပ်မိခဲ့ပါတယ်။ ဒါကြောင့်မို့ ကိုယ့်စာဖတ်သူတွေရဲ့ မှတ်ချက်တွေ၊ ဘုတ်တွေက အားတက်စရာတစ်ခုဖြစ်နေခဲ့တာပါ။

နောက်ဆုံးအနေနဲ့ အဆုံးထိရေးပြီးမှ လာတင်ပေးပါမယ်နော်။ ပျင်းစရာကောင်းနေမှာမို့ ...။ များများစားစားလည်း ထပ်ရေးဖို့မရှိတော့ပါဘူး။

အမှတ်တရအနေနဲ့ ဒီဝတ္ထုထဲမှာပါတဲ့ တရုတ်စကားပင်လေးနဲ့ အယ်လ်ပါကာအကောင်လေးတွေရဲ့ပုံတွေ ကိုယ်ခရီးသွားတုန်းရိုက်ခဲ့တာမို့ တင်ပေးလိုက်ပါတယ်။

အမှတ်တရအနေနဲ့ ဒီဝတ္ထုထဲမှာပါတဲ့ တရုတ်စကားပင်လေးနဲ့ အယ်လ်ပါကာအကောင်လေးတွေရဲ့ပုံတွေ ကိုယ်ခရီးသွားတုန်းရိုက်ခဲ့တာမို့ တင်ပေးလိုက်ပါတယ်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
The Sound of Raindrops ( မိုးစက်ပွင့်တို့ ကြွေသံ )Where stories live. Discover now