အခန်း ၁၀

518 17 0
                                    


The Idea of Love pt.1: Limerence

Jacques Lacan က "အချစ်ဆိုတာ ကိုယ့်မှာမရှိတဲ့အရာတစ်ခုကို မလိုချင်တဲ့သူတစ်ယောက်ကို ပေးကမ်းခြင်း"လို့ ဖွင့်ဆိုထားတယ်။ " ကိုယ့်မှာမရှိတဲ့အရာကို ပေးကမ်းခြင်း" ဆိုတာက ကျွန်မတို့ရဲ့ဘဝမှာ လစ်ဟာနေတဲ့ကွက်လပ်တစ်ခုကိုချစ်ရသူက ဖြည့်ဆည်းပေးစေဖို့ လိုလားတောင့်တခြင်းဖြစ်ပြီး အပြန်အလှန်အနေနဲ့ ကျွန်မတို့ကလည်း သူ့ရဲ့လစ်ဟာနေတဲ့ ကွက်လပ်တစ်ခုကို ပြန်ဖြည့်ဆည်းပေးနိုင်မယ်လို့ မျှော်လင့်ခြင်းပဲဖြစ်တယ်။

ဒါကြောင့်မို့လည်း ကိုယ့်ကိုပြန်ချစ်ပေးနိုင်ဖို့ မသေချာတဲ့ လူတစ်ယောက်ကိုချစ်မိခြင်းဆိုတဲ့ တစ်ဖက်သတ်အချစ်ဟာ စိတ်ကိုပင်ပန်းမွန်းကျပ်စေတဲ့အရာဖြစ်နေခဲ့တာပဲ။

တစ်ကယ်လို့ လူတစ်ယောက်ဟာ တစ်ဖက်သတ်အချစ်မှာမှ တစ်ဖက်လူကို မေ့လို့မရနိုင်လောက်သည်ထိအစွဲလန်းလွန်ပြီး လူကိုယ်တိုင်မပိုင်ဆိုင်ရရင်တောင် ၊ စိတ်ကူးနဲ့ပိုင်ဆိုင်နိုင်ဖို့ နေ့နေ့ညညကြိုးစားလာပြီဆိုရင်တော့ Limerence ဆိုတဲ့ အရူးအမူးစွဲလန်းတတ်သော မူမမှန်သည့် စိတ်အခြေအနေတစ်ခုကိုရောက်နေတယ်လို့ပဲ သတ်မှတ်ရပါမယ်။

****************

လျို့ဝှက်စကားဆိုတာမျိုးက ဘဝတွေကိုပြောင်းလဲပစ်နိုင်သည့် သတင်းအချက်အလက်မျိုးကနေ သာမန်ကာလျှံကာ အကြောင်းအရာဆိုပြီး သူ့ရဲ့အရေးပါဝင်မူ့ပုံ အဆင့်ဆင့်ရှိတတ်ကြပါသည်။ ဟင်္သာတို့ရဲ့ လျို့ဝှက်ချက်ဆိုတာက ဘာမှမဟုတ်သည့် သူငယ်ချင်းနှစ်ယောက်ကြားမှ နောက်ပြောင်စရာအကြောင်းအရာတစ်ခုသာဖြစ်သည်။ တခြားလူတွေသိသွားလို့လည်း ဘယ်သူ့ကိုမှ ထိခိုက်နစ်နာမူ့ဖြစ်စေမည်မဟုတ်။ တစ်ခုတော့ရှိတာပေါ့လေ... ကိုယ့်နှစ်ဦးကြားမှာ အချိန်ယူဆောက်တည်ထားတဲ့ ယုံကြည်မူ့တစ်ခုကတော့ ပြိုလဲသွားမှာအမှန်ပဲ။ ဒါပေမဲ့ ဟင်္သာ ဒီဒီ့ကိုယုံကြည်သည်။

အဲ့ဒီနေ့ညနေမှာ ဟေမာန်သိချင်တဲ့ လျို့ဝှက်ချက်က ဟင်္သာရဲ့ လျို့ဝှက်ချက် ဟုတ်မနေခဲ့ဘဲ တခြားလူတစ်ယောက်ရဲ့ လျို့ဝှက်ချက်ဖြစ်နေခဲ့သည်။ ပြီးတော့ ဟင်္သာကိုယ်တိုင်လည်း သိဖို့လိုအပ်ခဲ့တဲ့ သာမန်ကာလျှံကာ မဟုတ်တဲ့ လျို့ဝှက်ချက်တစ်ခု။

The Sound of Raindrops ( မိုးစက်ပွင့်တို့ ကြွေသံ )Where stories live. Discover now