အခန်း ၅

726 21 0
                                    

Trigger Warning: This story contains  content relating to sexual harassment.

ထိုနေ့က မိုးတအိအိရွာနေခဲ့သည်။

ပုံမှန်နေ့တွေဆို တိတ်ဆိတ်ငြိမ်သက်နေတတ်သော cafe လေးသည် Book Club ရှိသည့်နေ့တွေဆိုလျှင်တော့ စကားသံတစ်ချို့ဖြင့် ပိုမိုသက်ဝင်နေလျက်ရှိသည်။ ပုံမှန်လုပ်နေကျ စာအုပ်အကြောင်း ဆွေးနွေးတာမျိုးမလုပ်ဘဲ အပျင်းလည်းပြေ၊ အလှည့်အပြောင်းလည်း ဖြစ်အောင် ဒီတစ်ခေါက်မှာ ဂိမ်းဆော့ကြသည်။

Alphabet အစဉ်လိုက် စာအုပ်နာမည်တွေစဉ်းစားရသည့် ဂိမ်းကိုစဆော့မည်ဆိုတုန်းကတော့ လွယ်လိုက်တာလို့ တွေးမိပေမဲ့ တကယ့်တကယ်တမ်းဆော့ရသည့်အခါကျတော့ XYZ တို့လို စာလုံးတွေက စဉ်းစားရအသေခက်သည်။ သတ်မှတ်ထားသည့် အချိန်အကန့်အသတ်အတွင်း ချရေးရတာမို့ စဉ်းစားချိန်လည်း သိပ်များများစားစားမရသလို အချိန်လွန်မှ သတိရသည့်အခိုက်အတန့်တွေက ရှိသေးသည်။

သုံးယောက်တစ်သင်းဖွဲ့ကြတော့ အသင်း ၄သင်းရှိသည့်အထဲ ဟင်္သာ၊ မမေရီလှိုင်းနှင့် ဟေမာန်တို့က တစ်ဖွဲ့ကျသည်။ အားလုံးဝိုင်းကူစဉ်းစားပေးကြတာမို့ တော်တော်များများ ဖြေခဲ့နိုင်ပေမဲ့ ဟင်္သာတို့အဖွဲ့က တစ်မှတ်လျော့ဖြင့် အမှတ်အနည်းဆုံးဖြစ်ခဲ့သည်။ သိပ်တော့မတရားလှဘူးဟု ဟင်္သာထင်သည်။ ပထမနှစ်ကဆိုလို့ ဟင်္သာနှင့် ဟေမာန်နှစ်ယောက်သာရှိကြတာမို့ ၊ သူမတို့နှစ်ယောက်က တစ်သင်းထဲကျခြင်းက အားနည်းချက်တစ်ခုလိုဖြစ်နေသည်။ အမှတ်အများဆုံးနှင့် အနိုင်ရသည့်အဖွဲ့က မသိမ့်၊ကိုဘုန်းနှင့် ခွန်းဝဿန်တို့အသင်း။

ဂိမ်းဆော့သည့်အခါ ပြိုင်ဆိုင်မူ့နှင့် စိတ်လှုပ်ရှားမူ့ ပိုကောင်းစေရန် အမှတ်အများဆုံးအသင်းက အမှတ်အနည်းဆုံးအသင်းကို ပြစ်ဒဏ်ပေးခွင့်ရမှာဖြစ်သည်။ အငြင်းပွါးမူ့မရှိစေရန် မိမိပေးလိုသည့် ပြစ်ဒဏ်ကို စာရွက်ထဲမှာချရေးပြီး လိပ်ကာ မဲနှိုက်သလို နှိုက်ရမည်ဖြစ်သည်။

" ကဲ..ကဲ၊ ဘယ်သူ မဲနှိုက်မှာလဲ "

"နှိုက်မဲ့သူကို သေချာရွေးအုံးနော်၊ နှိုက်မဲ့သူရဲ့ ကံတရားပေါ် ကျန်တဲ့သူတွေကမှီနေရတာ "

The Sound of Raindrops ( မိုးစက်ပွင့်တို့ ကြွေသံ )Where stories live. Discover now