အပိုင်း ( ၂ )

237 8 0
                                    

ကောင်းကင်ပြာတွင် လေနှင်ရာ တရွေ့ရွေ့ စီးမျောလိုက်ပါနေသော တိမ်လွှာဖြူဖြူများကို သူမ ငေးမောနေမိသည်။

ခွန်းက တိမ်တွေဟာ အမေ့အလျော့ခံထားရတဲ့အရာတွေတဲ့။

လူတွေက ကိုယ်အမြဲရနေတဲ့အရာတွေအပေါ် တန်ဖိုးထားဖို့ မေ့လျော့နေတတ်ကြတယ်။ ကမ်းခြေတွေ၊ ရေတံခွန်တွေ၊ တောင်တန်းတွေကိုမြင်တွေ့ရဖို့ မိုင်ပေါင်းများစွာကို ကျော်ဖြတ်ပြီးသွားကြတယ်။ ဒါပေမဲ့ တစ်နေ့လုံးနေလို့ တစ်ကြိမ်လေးတောင် ကောင်းကင်ကြီးကို မော့ကြည့်ဖို့ သတိမရတတ်ကြဘူးတဲ့။

ဒါပေမဲ့ တိမ်တွေဟာ ပျောက်ကွယ်ချင်တဲ့အခါလည်း ပျောက်သွားတတ်ကြတာပဲမဟုတ်လားဟု သူမက စောဒကတက်လျှင် ခွန်းက နူတ်ခမ်းထောင့်လေးတွန့်ရုံ ပြုံးရင်း အချိန်တန်  ရင်တော့ ကောင်းကင်ကြီးဆီ ပြန်ရောက်လာကြတာပဲလေတဲ့။

အမျိုးမျိုး အသွင်ပြောင်းသွားကြသော တိမ်တွေကို မော့ကြည့်ရင်း လူတွေဟာလည်း အမြဲပြောင်းလဲနေကြတာပါလားဟု သူမတွေးမိသည်။

ဤဘဝထဲဝယ် ရှင်သန်နေကြသရွေ့ တိမ်တွေလို အလိုက်သင့် စီးမျောလိုက်ပါနေကြရပေအုံးမည်။

တိမ်တွေကို သူမ အားကျမိသည်။ တိမ်တွေတွင် မည်သည့်ပုံစံဖြစ်ရမည်ဟူသော စံသတ်မှတ်ချက်မျိုးမရှိ၊ လွတ်လပ်စွာပင် နှစ်သက်ရာ အသွင်ဖြင့် ဝင့်ထည်စွာရှိနေကြသည်။ တိမ်တွေဟာ ခံစားချက်ကိုလည်း လျို့ဝှက်ထားတတ်ကြမည်မဟုတ်။ ဒေါသဖြစ်တဲ့အခါမှာ ညိုမှောင်လာကြမည်။ ဝမ်းနည်းတဲ့အခါမှာလည်း မိုးစက်တွေအဖြစ် ငိုကြွေးကြမည်။ နေဝင်ချိန်တွင်လည်း ရွှေအိုဖျော့ရောင်အသွင်ပြောင်းကာ အစွမ်းကုန် တောက်ပကြမည်။ မနက်ခင်းတွင်လည်း နေမင်းနှင့်အတူ နီစွင့်ရင်း နိုးထလာကြအုံးမည်။

ခွန်းချစ်သည့် တိမ်တွေသည် လွတ်လပ်သည်။ ဒါကြောင့်မို့ပင် ခွန်းသည် သူမကို လွတ်လပ်ခွင့်ပေးခဲ့သည်ပဲလားဟု ဖြည့်တွေးရင်း မျက်ရည်ဝဲလာမိသည်။

ခွန်းကကော တစ်နေရာရာကနေ သူချစ်တဲ့ တိမ်တွေကို ငေးမောနေမှာလား။

င်္ဟသာကိုကော သတိရနေမှာလား ခွန်းရယ် ... ။

The Sound of Raindrops ( မိုးစက်ပွင့်တို့ ကြွေသံ )Where stories live. Discover now