အခန်း ၆

678 17 0
                                    

Trigger Warning: This story contains content about suicide.

                           " မိုးဟင်္သာ "

တိုးလျလျခေါ်သံကြောင့် စာဖတ်နေရင်းမှ ဟင်္သာ ဘေးသို့ လှည့်ကြည့်လိုက်သည်။

ဘေးမှာ ရပ်နေသူက ခွန်းဝဿန်။ သူ့ကို BC မှာ တစ်ခါမှမတွေ့မိပါဘူး။ ဒါဟာ မတော်တဆတွေ့ဆုံမူ့တော့ မဟုတ်နိုင်လောက်ဘူးဟု ဟင်္သာတွေးထင်မိသည်။

   " ကျွန်တော် မိုးင်္ဟသာကို တောင်းပန်ချင်လို့ပါ "

ခွန်းဝဿန်သည် ဟင်္သာမျက်နှာကို စေ့စေ့ကြည့်ရင်းပြောသည်။ သူ့အသံမှာ တိုးလျညင်သာလှသည်။

  " ဟင်္သာ ဒီမှာရှိတာကို ဘယ်လိုသိတာလဲ "

" မိုးဟင်္သာကို ကျောင်းမှာမတွေ့လို့  မမေရီကိုမေးပြီး လာခဲ့တာ ၊ မိုးဟင်္သာကို တွေ့ချင်လို့ ၊ ပြီးတော့ တောင်းပန်ချင်လို့ "

ဟင်္သာသည် ဖတ်လက်စ စာအုပ်ကို ပိတ်လိုက်ပြီး ရင်ဝယ်ပိုက်ကာ သူနှင့်မျက်နှာချင်းဆိုင်ရပ်လိုက်သည်။ သူ့မျက်ဝန်းတွေကို ရဲတင်းစွာစိုက်ကြည့်ရင်း ရပ်နေသည့် မျက်နှာချင်းဆိုင်က မိန်းကလေးကြောင့် သူ အနည်းငယ် စိတ်လှုပ်ရှားသွားမိသည်။

" ဟိုနေ့က အဖြစ်အပျက်အတွက် ကျွန်တော် တောင်းပန်ပါတယ် "

သူ့မျက်ဝန်းတွေမှာ ဝမ်းနည်းရိပ်တစ်ချို့ တွဲခိုနေတာကိုတွေ့ရသည်။ သူ့ပုံစံက တကယ့်ကို စိတ်ရင်းနှင့် လာတောင်းပန်သည့်ပုံစံ။ သူတကယ်မသိလို့ လုပ်ခဲ့တာမှန်း သိနေတာမို့ ဟင်္သာစိတ်ထဲ သူ့ကိုမုန်းတီးစိတ် အလျဉ်းမျှမရှိပါ။

" ကျွန်တော် မသိလို့လုပ်ခဲ့မိတာကော၊ မိုးဟင်္သာအပေါ် အထင်မှားခဲ့မိတာကိုကော တောင်းပန်ပါတယ် "

" ဟင်္သာကို အထင်မှားခဲ့မိတယ်ဆိုတာ ဘာကိုပြောတာလဲ "

ဟင်္သာ သူ့စကားကို လှမ်းထောက်လိုက်တော့ သူ အနည်းငယ်တွန့်သွားပုံရသည်။

" ဒီလိုပါပဲ "

ဟင်္သာကို ပြောသလို၊ သူ့ကိုယ်သူကြားအောင်ပဲပြောလိုက်သလို သူ့အသံကတိမ်ဝင်သွားသည်။

The Sound of Raindrops ( မိုးစက်ပွင့်တို့ ကြွေသံ )Where stories live. Discover now