အခန်း ၁၉၆

Start from the beginning
                                    

ကျန်းလော့က ရှင်းပြသည်။

"ဒီစာနှစ်ကြောင်းက မင်ခေတ်နှောင်းပိုင်းက စာပေတွေထဲက ယန်ဝမ်ရဲ့ ဧည့်ခန်းမအကြောင်းကို ကျော်ကြားတဲ့ နှစ်ကြောင်းစပ်လင်္ကာရေးနည်းနဲ့ ရေးထားတဲ့ စာတွေပဲ သူ့ရဲ့ အဓိပ္ပာယ်က မင်းကသာ သေပြီးလို့ မြေအောက်ကမ္ဘာကို ဖြတ်သွားတဲ့ အချိန်မှာ အာဏာရှိတဲ့ အသိအကျွမ်းတစ်ယောက်နဲ့ တွေ့မယ်ဆိုရင် မင်းရဲ့ ခန္ဓာကိုယ်ထဲကို ပြန်ဝင်နိုင်လိမ့်မယ် ပြီးတော့ ခန္ဓာကိုယ် မပုတ်ဆွေးသွားခင်အထိ လူသားတစ်ယောက်ပြန်ဖြစ်လာမယ် "

ထန်ပိသည် ထိုစာနှစ်ကြောင်း၏ အဓိပ္ပာယ်ကို ချရေးထားပြီး ပြောသည်။

"ငါ ဒီအကြောင်းကို တစ်ခါမှ မကြားဖူးဘူး"

ကျန်းလော့က ပြောသည်။

"မင်းသေသွားတာ မင်မင်းဆက် အဆုံးမသတ်ခင် အချိန်က ဖြစ်လောက်မယ် ဟုတ်လား"

ထန်ပိသည် သိမ်မွေ့စွာ ခေါင်းညိတ်ပြလိုက်သည်။

ကျန်းလော့သည် ကျောက်တုံး တံခါးနားကို လျှောက်သွားလိုက်ပြီး

"ဒီလို အရွယ်အစား ရှေးဟောင်းဂူသင်္ချိုင်းမျိုးမှာဆို ပုံမှန်အားဖြင့် သုံးပိုင်း ခွဲလေ့ရှိတယ် ပထမဆုံး အပိုင်းက မြေအောက်လောက ခန်းမဆောင်၊ အလယ်ပိုင်းက အိပ်ခန်း ဒါပေမဲ့ အခုက သင်္ချိုင်းဆိုတော့ ခေါင်းတလားတွေ ထားတဲ့နေရာပေါ့ ပြီးတောါ့ နောက်ဆုံးအပိုင်းက မြှပ်နှံရင်ထည့်ပေးတဲ့ သေလွန်သူရဲ့ ပစ္စည်းတွေ ထည့်ထားတဲ့ အတွင်းခန်းရှိမယ်၊ ဒီနေရာကို ကြည့်လိုက်ရင် ဂူသင်္ချိုင်းပိုင်ရှင်က သေသွားတာ တအားကြာသေးတဲ့ ပုံမပေါ်ဘူး ဖြစ်နိုင်တာ ချင်မင်းဆက်ကလား ဒါမှမဟုတ် သမ္မတနိုင်ငံခေတ်ကလည်း ဖြစ်နိုင်တာပဲ"

သူသည် ကျောက်တုံး တံခါးပေါ်မှ စန္ဒမုနိမြတ်စွာဘုရား၏ ပုံတော်ကို စေ့စေ့စပ်စပ် ကြည့်နေပြီး

"စန္ဒမုနိဗုဒ္ဓမြတ်စွာဘုရား.. ငါက ရှေးဟောင်း ဂူသင်္ချိုင်းတွေအကြောင်း အများကြီးမသိဘူးဆိုပေမဲ့ ဂူသင်္ချိုင်းပိုင်ရှင်က ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူ ဖြစ်လောက်တယ် ငါကတော့ ဂူသင်္ချိုင်းပိုင်ရှင်ကို သိချင်နေပြီ ဒီလူက နဂါးမျက်လုံးထဲမှာ ဂူသင်္ချိုင်းဆောက်နိုင်တယ်ဆိုထဲက မယုံနိုင်စရာကောင်းနေပြီ"

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now