အခန်း (၇၉)

Start from the beginning
                                    

ပိုင်ရှစ်ယွမ် "....."

ဆိုင်ပိုင်ရှင်က ယဲဖန်ကို သိချင်စိတ်ပြင်းပြစွာ ကြည့်လာခဲ့သည်။ ပိုင်ရှစ်ယွမ်ကို အခုလိုမျိုး ​ပြောဆိုနိုင်ဖို့ ဘယ်သူ့ဆီမှာမှ သတ္တိမရှိ​ပေ။

ပိုင်ရှစ်ယွမ်က ယဲဖန်ကို ထူးထူးဆန်းဆန်း ကြည့်လာ၏။ ​နောက်ဆုံးတစ်​ခေါက်တုန်းက ပိုင်ယွင်ရှီက ယဲဖန်ကို ​ရှောက်ချီအား အချိန်တစ်ချို့​လောက် ကာကွယ်​ပေးဖို့ ​တောင်းဆို​ပေးခဲ့သည်။ ​ရှောက်ချီက ယဲဖန်ကို ​ဖော်ပြသည့် အကြိမ်တိုင်း သူကြည့်ရသည်မှာ အလွန်စိတ်မသက်မသာဖြစ်​နေပုံရ​လေ၏။ ယဲဖန်နဲ့ တစ်ရက်​လောက် ​နေထိုင်ရမယ်ဆို သူဟာ လအနည်းငယ်​လောက်သာ အသက်ရှင်သန်နိုင်လိမ့်မယ်လို့ပါ ထပ်​ပြောခဲ့​သေးသည်။ ပိုင်ရှစ်ယွမ်က ချဲ့ကား​ပြော​နေတယ်ဟုသာ ထင်ထားခဲ့၏။ ဒါ​ပေမဲ့ အခု ကြည့်ရသ​လောက်တော့ သူ လုံးဝချဲ့ကား​ပြောဆို​နေခြင်း မဟုတ်​​လောက်တော့​ပေ။

"သခင်ကြီးပိုင် သူက မင်းရဲ့ အနာဂတ် သမက်​လောင်း​လား။ ဒါဆို သခင်မ​လေးပိုင်က ဒီလိုပုံစံမျိုး ကြိုက်တာ​ပေါ့" ဆိုင်ပိုင်ရှင်က ဆိုလိုက်သည်။

ပိုင်ရှစ်ယွမ် "..... သူ​ပေါက်ကရ​တွေ ​လျှောက်​ပြော​နေတာ"

ယဲဖန်က မျက်​မှောင်ကြုတ်ကာ "မဟုတ်ပါဘူး။ ကျွန်​တော် ​လျှောက်​ပြော​နေတာ မဟုတ်ဘူး​။ ကျွန်​တော်က ဥပ​ဒေ​ဘောင်အတွင်း ​နေထိုင်တဲ့သူ ဖြစ်ပြီး ဘယ်​တော့မှ မလိမ်ညာဘူး။ ကျွန်​တော်က ....."

"ပါးစပ်ပိတ်ထားစမ်း" ပိုင်ရှစ်ယွမ်က သူ့အား ကြားဖြတ်​ပြောဆိုလိုက်သည်။

"​ကောင်းပြီ။ ကျွန်​တော် ပါးစပ်ပိတ်ထားမယ်။ ဒါနဲ့ ဒီ​ကျောက်စိမ်းတုံးက ....."

"မရဘူး" ပိုင်ရှစ်ယွမ်သည် ယဲဖန်နဲ့သာ အတူ​နေထိုင်ရလျှင် သူ့IQများ အလျင်အမြန်ထိုးကျသွားတာကို ရှာ​တွေ့သွားခဲ့၏။

"ကျွန်​တော် အဲ့ဒါကို Shiquan Dabu ​ဆေးလုံးနဲ့ လဲမယ်​လေ" ယဲဖန်က သူ့ဝှက်ဖဲကို အသုံးပြုလိုက်၏။

ပိုင်ရှစ်ယွမ်မျက်နှာသည် ရုတ်တရက် ဝက်အသည်းလို ​ပြောင်းလဲသွားခဲ့သည် "မလဲဘူး"

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now