အခန်း ၁၉၄

Start from the beginning
                                    

တဝူတောင်ခရီးသည် မည်မျှကြာမည်မှန်း အချိန်ကို ခန့်မှန်းမရပေ။ ကျန်းလော့သည် ထသွားထလာ သက်တောင့်သက်သာရှိသော အဝတ်အစားနှစ်စုံနှင့် တောင်တက်ဘွတ်ဖိနပ်တစ်ရံ ထည့်လိုက်သည်။ ထိုအရာများအပြင် တောင်တက်ရန် လိုအပ်သော ပစ္စည်း ကွိစိကွစိလေးများလည်း ထည့်သေးသည်။ သန့်စင်ခန်းသုံး စက္ကူ၊ သံလိုက်အိမ်မြှောင်တစ်ခုနှင့် ဓားတစ်ချောင်း............ ထိုပစ္စည်းများသည် သူ့တွင်မရှိသော အရာများဖြစ်ပြီး ထိုပစ္စည်းများကို စာရွက်တစ်ရွက်ပေါ်တွင် ရေးပြီးပေးလိုက်သည်။ သို့မှသာ မသွားခင် အချိန်မှီ ရလာမှာ ဖြစ်သည်။

နောက်တစ်နေ့မနက်ခင်းတွင် ကျန်းလော့သည် သူမနေ့ညထဲက ပြင်ဆင်ထားသော အဝတ်အစားများကို ဝတ်လိုက်ပြီး ဆံပင်ကို မြင့်မြင့်ချည်ကာ ခရီးဆောင်အိတ်ကို ဆွဲ၍ အခန်းထဲမှ ထွက်လာသည်။

တဝူတောင်ကို သွားမည့် လက်မှတ်များကို ကောဝူချန်က ပြင်ဆင်ထားပြီး ဖြစ်သည်။

အုပ်စုလိုက်ကြီးသည် လေဆိပ်ထဲသို့ အတူတကွ ခြေချလိုက်ကြသည်။ ဝိညာဉ်မှ ကျင့်ကြံလာသော ဟွာပိနှင့် အားနည်းသော လျောင်စီတို့သည် လျန်မိသားစုများကို စောင့်ကြပ်ရန်နှင့် တချို့သော ကိစ္စများကို ကိုင်တွယ်ရန် နေခဲ့ကြသည်။

သူငယ်ငယ်တုန်းက လူတချို့ကို မြင်နိုင်ရန် လေဆိပ်သို့ အကြိမ်အနည်းငယ်လာခဲ့ဖူးသည်။ သို့သော် တောင်ပေါ်မှ မထွက်တာ နှစ်နှစ်ဆယ်ကျော်ကြာသွားပြီး သူသည်လည်း အသက်ကြီးလာလေပြီ။ လေဆိပ်၏ ပြောင်းလဲပုံများကို မြင်သည်နှင့် သူသည် မူးဝေသွားပြီး သက်ပြင်းချလိုက်သည်။

"ဒါက ပြောင်းလဲသွားပြီပဲ တော်တော်ပြောင်းလဲသွားတာ အရင်တုန်းက ဒီလောက် မကောင်းဘူး ကျုပ်ပျံသန်းဖို့ သွားတုန်းကနဲ့ အခုနဲ့ လုံးဝကို ဘာမှမတူတော့တာပဲ ဪ အချိန် အချိန်"

ကျန်းလော့က သူ့ဘေးတွင် လမ်းလျှောက်လျက် လိုက်ပါလာပြီး သူ၏ ပွယောင်းယောင်း မိုးကာအင်္ကျီကြီးသည် ဖားယားဖားယား လှုပ်ရှားနေသည်။ ထို့နောက် ပေါ့ပါးစွာပြောလိုက်သည်။

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now